ရွှေတူးဖော်ခွင့် ၈ နှစ်ကြာပိတ်ထားတဲ့နေရာမှာ တရားမဝင်ရွှေတူးဖော်မှုတွေ ပြန်လုပ်နေ

မတ် ၁၀-၂၀၂၁
TG(VOM)

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့မှာ ဦးသိန်းစိန်အစိုးရလက်ထက်ကတည်းက ရွှေတူးဖော်ခွင့် ၈ နှစ်နီးပါးပိတ်ထားတဲ့နေရာမှာ တရားမဝင်ရွှေတူးဖော်မှုတွေကို ပြန်လည်လုပ်ဆောင်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီလို ရွှေတူးဖော်နေမှုကြောင့် သဖန်းဆိပ်ရေလှောင်တမံကြီးကို ကျိုးပေါက်တဲ့အထိ အန္တရာယ်ဖြစ်စေနိုင်တဲ့အပြင် တန့်ဆည်နယ်ရွှေဘိုနယ်ကို ရေပေးဝေနေတဲ့ ကင်းတပ်ဆည်ကြီးလည်း ကောသွားနိုင်တဲ့အထိ ဆိုးကျိုးတွေ ဖြစ်စေနိုင်တယ်လို့ ဒေသခံတွေ ကပြောပါတယ်။

“ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည် ကျိူးပေါက်သည်ထိ အန္တရာယ်ဖြစ်စေနိုင်တဲ့ ရွှေတူးဖော်ခြင်းလုပ်ငန်း လုပ်ဆောင်နေတယ်။ အခုလုပ်နေတာ အရင်အစိုးရ(ဦးသိန်းစိန်အစိုးရ)ကပိတ်ထားတာကို ပြိးခဲ့တဲ့လ ၁၀ရက်နေ့လောက်က စတာ။ သဖန်းဆိပ်ဆည်နဲ့ ကင်းတပ်ဆည်ကြား၊ ရွာဟောင်းဘယ်သူမှမနေဘူး။ အုပ်ချုပ်ရေးလုပ်သူတွေကလည်း ဘယ်သူမှ တားမြစ်တာလည်းမရှိဘူး “လို့ ကျွန်းလှမြို့နယ် ဒေသခံတစ်ဦးက ပြောပါတယ်။

ဒေသခံပြည်သူတွေအပေါ် ဆိုးကျိုးဖြစ်ပေါ်လာစေနိုင်တဲ့ အဲ့ဒီ တရားမဝင်ရွှေတူးဖော်မှုကို ဆက်မလုပ်ဖို့ ကျွန်းလှမြို့နယ်ဒေသခံတွေက ဆန္ဒရှိနေကြတယ်လို့လည်း သိရပါတယ်။

#VoiceOfMyanmar #VOM #တရားမဝင်ရွှေတူးဖော် #ကျွန်းလှမြို့ #သဖန်းဆိပ်ရေလှောင်တမံ

Related posts

Leave a Comment

VOM News

FREE
VIEW