တောင်ငူမှာ ဒုတိယနှစ်မြန်မာစာ ကျောင်းသူတစ်ဦးအပါအဝင် သုံးဦးဖမ်းဆီးခံရ

မတ် ၁၁-၂၀၂၁
KLY(VOM)

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်မှာ မနေ့ မတ်လ ၁၀ရက်နေ့ ည ၉နာရီကျော်လောက်က ဒုတိယနှစ်မြန်မာစာ ကျောင်းသူတစ်ဦးအပါအဝင် လူသုံးဦး ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

တောင်ငူမြို့ အမှတ် ၁၀ ရပ်ကွက် ကမ်းနားလမ်း‌ပေါ်ကို တပ်မတော်သား‌ ၁၀၀ လောက်က ကား ၈ စီးလောက်နဲ့ ဝင်ရောက်လာခဲ့ပြီး နေအိမ်တွေကို ဓါတ်မီးတွေနဲ့ထိုးကာ လူနေအိမ်အချို့ကို လိုက်လံရှာဖွေနေတဲ့ ပုံသဏ္ဍန်ကြောင့် ဒေသခံတွေနဲ့အချင်းများရာကနေ Live လွှင့်နေတဲ့ ဒုတိယနှစ်မြန်မာစာ ကျောင်းသူတစ်ဦးအပါအဝင် လူသုံးဦးကို ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။

“သူတို့ဝင်လာပြီး ဓါတ်မီးတွေနဲ့လိုက်ပြီး အိမ်တွေကို ထိုးတယ်။ ဒေသခံတွေအတော်များများက မီးပိတ်ပြီး နေကြတာပါ။ ဒါပေမယ့် အချို့လူတွေ ထွက်လာပြီးအော်ဟစ်ကြတော့ သေနတ်တွေအချက်နှစ်ဆယ်လောက် ပစ်ဖောက်တားမြစ်တယ်။ အဲ့အခြေနေကြားက Live လွှင့်တဲ့ ကောင်မလေးနဲ့ တခြားအမျိုးသားနှစ်ဦးကို ဖမ်းသွားတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

တောင်ငူမှာ ဆန္ဒဖော်ထုတ်နေသူတွေကို စစ်တပ်နဲ့ရဲက ဖေဖော်ဝါရီ ၂၈ ရက်နေ့က စတင်ပြီး ဖြိုခွင်းတာတွေ ပြုလုပ်ခဲ့ပြီးနောက် ကျောင်းဆရာမတစ်ဦး အပါအဝင် အမျိုးသားအမျိုးသမီး ဆယ်ဦးကျော်ခန့် ဖမ်းဆီးခံထားရပြီး ပြန်လည်လွတ်မြောက်လာသူမရှိသေးဘူးလို့ သိရပါတယ်။

#VoiceOfMyanmar #VOM #တောင်ငူ #ဖမ်းဆီးခံရ

Related posts

Leave a Comment

VOM News

FREE
VIEW