ပုသိမ်က ဆန္ဒပြသူ ဆယ်ဦးကျော် ဖမ်းဆီးခံရ

မတ် ၁၁-၂၀၂၁
KA

ဒီနေ့ မတ်လ ၁၁ရက်နေ့မနက် ပုသိမ်မြို့ ဥမ္မာဒန္တီရပ်ကွက်တွင်းက မြစ်၀ကျွန်းပေါ်တော်လှန်တပ်ဦး ပင်မသပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့က အသံဗုံးတွေပစ်ပြီး လူစုခွဲခဲ့တယ်လို့ သိရပါတယ်။

ရဲတပ်ဖွဲ့နဲ့ စစ်တပ်တွေဟာ အင်အားများစွာနဲ့ ရပ်ကွက်တွင်း၀င်ရောက်ဖမ်းဆီးခဲ့ပြီး ဆန္ဒပြသူ ဆယ်ဦးထက်မနည်းကိုလည်း ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

“လူစုနေတုန်းမှာအသံဗုံးနဲ့ ၃ချက်ပစ်ပြီး လက်ဘက်ရည်ဆိုင်ထိုင်နေတဲ့ လူငယ်တွေကိုဖမ်းသွားတယ်။ ဆယ်ဦးကျော်လောက်တော့ရှိမယ်၊ အတိအကျတော့မပြောတတ်ဘူး” လို့ ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ ရဲတပ်ဖွဲ့နဲ့စစ်တပ်တွေဟာ ဥမ္မာဒန္တီရပ်ကွက်တွင်းက လမ်းထိပ်တွေမှာ နေရာယူထားပြီး ဆိုင်ကယ်တွေနဲ့ ဖုန်းတွေကို တားဆီးစစ်နေတယ်လို့ သိရပါတယ်။

ပုသိမ်မြို့မှာ ဆန္ဒပြနေတာ ဒီနေ့နဲ့ဆိုရင် ၃၃ရက်မြောက်ရှိပြီ ဖြစ်ပါတယ်။

#VoiceOfMyanmar #VOM #ပုသိမ်မြို့ #ဆန္ဒပြ #ဖြိုခွဲ #ဖမ်းဆီး

Related posts

Leave a Comment

VOM News

FREE
VIEW