မြောက်ဒဂုံဆန္ဒပြပွဲ ပစ်ခတ်ဖြိုခွဲခံရပြီး အမျိုးသားတဦး သေဆုံး

မတ်လ ၁၁-၂၀၂၁
TG(VOM)

ဒီနေ့ မတ်လ ၁၁ရက်နေ့ မနက် ၁၁နာရီလောက်က မြောက်ဒဂုံ ဗိုလ်မင်းရောင်လမ်း ၃၅ရပ်ကွက်က ဆန္ဒပြလူထုကို စစ်တပ်နဲ့ရဲက ပစ်ခတ်ဖြိုခွဲခဲ့မှုကြောင့် အမျိုးသားတစ်ဦး ဦးခေါင်းထိမှန်ပြီး သေဆုံးခဲ့တယ်လို့ ဆန္ဒပြပွဲ ပါဝင်သူတွေဆီက သိရပါတယ်။

သေဆုံးသူဟာ မြောက်ဒဂုံ ၃၉ ရပ်ကွက်မှာနေတဲ့ အသက် ၂၄နှစ် အရွယ်ရှိ ကိုချစ်မင်းသူဆိုသူ ဖြစ်ပါတယ်။

“သေဆုံးတာက ခေါင်းထိတာ နားထင်ကိုမှန်တာ စတီးဒိုင်းကာထားတာ။ သူ့မိန်းမက ကိုယ်ဝန်နဲ့ကျန်ခဲ့တယ်လို့ သိရတယ်။ လိပ်စာအတိကျတော့ မသိသေးဘူး” လို့ ဆန္ဒပြပွဲ ပါဝင်သူတဦးက ပြောပါတယ်။

ဆီးခုံကိုကျည်ထိမှန်သူတဦးနဲ့ ဗိုက်ကို ကျည်ထိမှန်သူတဦးလည်းရှိပြီး မျက်ရည်ယိုဗုံးမသုံးဘဲ အသံဗုံးပစ်ပြီးနောက် သေနတ်နဲ့ပစ်ခတ်ခဲ့တာလို့ ဆက်ပြောပါတယ်။

အဲ့ဒီဖြိုခွဲမှုမှာ ဖမ်းဆီးခံရသူတွေလည်း ရှိနိုင်ပေမယ့် လတ်တလောမှာတော့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဓါတ်ပုံ – ACT

#VoiceOfMyanmar #VOM #မြောက်ဒဂုံ #ဆန္ဒပြပွဲ #ပစ်ခတ်ဖြိုခွဲ #သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW