စစ်တွေမြို့ မကျည်းမြိုင်ရပ်ကွက်မှာ နေအိမ် (၇) လုံး မီးလောင်

စစ်တွေ-မတ် ၁၂- ၂၀၂၁
ထက်အောင်စိုင်း (VOM)

စစ်တွေမြို့မှာ ဒီကနေ့ မနက် ၁၁ နာရီလောက်က မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ကာ မကျည်းမြိုင်ရပ်ကွက်ရှိ နေအိမ် (၇) လုံး မီးလောင်ဆုံးရှုံးသွားကြောင်းသိရပါတယ်။

မီးလောင်မှုကြောင့် သွပ်မိုး၊ ပျဥ်/အုတ်ကာအမျိုးစားစား လူ နေအိမ် (၃) လုံး၊ ပျည်ကာ/ ပျည်ခင်း လူနေအိမ်(၂) လုံးနဲ့ အထပ်သားကာ၊ ပျည်ခင်း အမျိုးအစား နှစ်လုံး အားလုံး နေအိမ် (၇) ဆောင်မီးလောင်ကာ ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း (၅၁) သိန်း ဖိုးဆုံးရှုံးကြောင်း စစ်တွေမြို့နယ် မီးသတ်ဦးစီးဌာနရဲ့ သတင်းပေးပို့ချက်အရ သိရပါတယ်။

မီးလောင်သွားတဲ့ နေအိမ်ပိုင်ရှင် တွေမှာ ဒေါ်မအေးကျော့ ၊ မနွယ်နွယ်အေး၊ ဦးထွန်းလင်းကျော်၊ ဦးလှအောင်သိန်း၊ မခင်ဂျူးဂျူး၊ ဒေါ်စန္ဒာဝင်း၊ ဦးနေကြည်လင်းနဲ့ ဦးနိုင်စိုး တို့ ဖြစ်ကြပြီး မီးဘေးဒုက္ခသည် ကျား (လူကြီး) ၆ ဦး၊ ကျား လူငယ် (၆) ဦး၊ အမျိုးသမီးကြီး (၇) ဦးနဲ့ အမျိုးသမီးငယ် (၄) ဦးတို့ဟာ ဆွေမျိုးတွေရဲ့ နေအိမ်တွေမှာ ယာယီခိုလှုံနေကြောင်း သိရပါတယ်။

မီးလောင်မှုကြောင့် မီးရှို့သူ ဦးအေးထွန်းဝင်း အသက် (၃၂) နှစ်ကို စစ်တွေမြို့မ အမှတ် (၁) ရဲစခန်းက (ပ) ၇၃/ ၂၀၂၁ ပုဒ်မ ၄၃၆ နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်လျှက်ရှိတယ်လို့ မီးသတ်ဦးစီးဌာန မှတ်တမ်းအရ သိရပါတယ်။

#voiceofmyanmar #VOM #စစ်တွေမီးလောင်မှု

 

Related posts

Leave a Comment

VOM News

FREE
VIEW