မြန်မာနိုင်ငံမှာ လူသားမျိုးနွယ်စုအပေါ် ရာဇာဝတ်မှုကျုးလွန်နေဖွယ်ရှိကြောင်း ကုလလူ့အခွင့်အရေး ကိုယ်စားလှယ် သတိပေး

ဂျီနီဗာ၊ မတ်-၁၂-၂၀၂၁
မျိုးဆက်(VOM)

မြန်မာစစ်တပ်ဟာ အာဏာတည်မြဲရေးအတွက် လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်တဲ့ပုံစံမျိုးတွေ ကျူးလွန်နေဖွယ်ရှိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် Thomas Andrews ကသတိပေးပြောကြားလိုက်ပြီး ဗြိတိန်နိုင်ငံကတော့ မြန်မာနိုင်ငံက သူ့နိုင်ငံသားတွေကို ပြန်လာဖို့ တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံမှာ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်တဲ့ ပုံစံမျိုးတွေ ကျူးလွန်နိုင်ဖွယ်ရှိတဲ့ သတ်ဖြတ်မှုနဲ့ တရားမဝင်ထိန်းချုပ်မှုတွေရှိတယ်လို့ Thomas Andrewsက ဂျီနီဗာမှာရှိတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီကို ပြောကြားခဲ့တာဖြစ်ပါတယ်။

အာဏာပိုင်တွေရဲ့ ဒီလိုကျူးလွန်ရာတွေမှာ သတ်ဖြတ်မှု၊ အစဖျောက်မှု၊ ဖိနှိပ်မှုနဲ့ ညှဉ်ပန်းနှိပ်စက်မှုတွေ ပါဝင်ဖွယ်ရှိတယ်လို့ Thomas Andrews ကဆိုပါတယ်။ အာဏာပိုင်တွေဟာ လက်နက်မဲ့ဆန္ဒပြသူတွေအပေါ် စစ်မြေပြင်သုံးလက်နက်တွေနဲ့ ဖြိုခွင်းခဲ့ပြီး ဒါဟာသတ်ဖြတ်ဖို့အတွက် ကြိုတင်ပြင်ဆင်ထားတာဖြစ်တယ်လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကလည်း မတ် ၁၁ ရက်မှာထုတ်ပြန်တဲ့ အစီရင်ခံစာမှာ စွပ်စွဲထားပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်အာဏာသိမ်းပြီးနောက်ပိုင်း အကြီးအကျယ်ဆန္ဒပြမှုတွေ နေ့စဉ်တိုးပွားလာနေတာကို အာဏာပိုင်တွေက ဖြိုးခွင်းမှုတွေကြောင့် လက်ရှိအချိန်ထိ လူ ၇၀ ကျော်သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေး ကျွမ်းကျင်သူတွေက ဆိုပါတယ်။

စစ်တပ်က အာဏာသိမ်းယူပြီးနောက် အကြမ်းမှုတွေမြင့်တက်လာပြီးကတည်းက နိုင်ငံရေးတင်းမာမှုတွေနဲ့ မငြိမ်မသက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်နေတယ်လို့ ဗြိတိန်က သတိပေးထားပြီး သူ့နိုင်ငံသားတွေကို မြန်မာနိုင်ငံကနေ ဖြစ်နိုင်သမျှမြန်မြန်ထွက်ခွာဖို့ တိုက်တွန်းထားပါတယ်။

ဗြိတိန်နိုင်ငံသားတွေအနေနဲ့ မြန်မာနိုင်ငံမှာ အရေးတကြီးနေထိုင်ဖို့ အကြောင်းမရှိဘူးဆိုရင် ပြည်တော်ပြန်ဖို့ကို ဗြိတိန်နိုင်ငံခြား ဓနသဟာယနဲ့ ဖွံ့ဖြိုးရေးရုံးက အကြံပြုထားတယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် Thomas Andrewsက မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့အကြပ်အတည်းတွေကို ကျယ်ကျယ်ပြန့်ပြန့် အကဲဖြတ်သုံးသပ်မှုထွက်ပေါ်ပြီးနောက် ဗြိတိန်ရဲ့သတိပေးချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။

Ref: Daily Mail
Photo: AFP
#Voiceofmyanmar #vom မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူ့အခွင့်အရေးအထူ;ကိုယ်စားလှယ်

Related posts

Leave a Comment

VOM News

FREE
VIEW