ရှေ့နေတွေနဲ ဥပဒေကျောင်းသားတွေ အပါအဝင် လူ ၂၀ ကို လဖက်ရည်ဆိုင်ထဲ ဝင်ရောက်ဖမ်းဆီး

မုံရွာ_မတ် ၁၂ ၊ ၂၀၂၁
Voice Of Myanmar (KTG)

စစ်ကိုင်းတိုင်း မုံရွာမြို့ ချမ်းမြဝတီရပ်ကွက် တိုင်းရင်းဆေးရုံလမ်းနဲ့ ဗန္ဓုလမ်းလမ်းအနီးမှာ ဖွင့်ထားတဲ့ ပွင့်သစ်လဖက်ရည်ဆိုင်ထဲကို ဒီကနေ့ မတ် ၁၂ ရက် မနက် ၁၁ နာရီက လုံခြုံရေးတပ်ဖွဲ့ကာ ရုတ်တရက်ဝင်ရောက်ပြီး လက်လက်ရည်ဆိုင်ထဲက လူ ၂၀ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

အဲ့ဒီ ဖြစ်စဥ်ကို မြင်တွေ့လိုက်သူ တစ်​ယောက် ပြောတာက ” လက်လက်ရည်ဆိုင် ပိုင်ရှင်က ဒု မြို့နယ်တရားသူကြီး (ဟောင်း)ဒေါ်သဇင်မြင့်ဇော်ရဲ့ဆိုင်ဖြစ်တယ် ၊ ဖမ်းသွားတဲ့ထဲမှာ ဆိုင်ရှင် လင်မယားပါတယ်၊ ရှေ့နေ နှစ်ယောက်နဲ့ ဥပဒေ ကျောင်းသား သုံးလေးယောက်လည်း ပါသွားတယ် အားလုံး ဖမ်းဆီးခံရတာ ၂၀ ကျော်လောက်ရှိတယ် ၊ သူတို့အား လုံးက ဆိုင်ထဲမှာ လက်လက်ရည်သောက်နေကြတာဖြစ်တာ “လို့ ပြောပါတယ်။

ဒီမနက် ဆန္ဓပြ သပိတ် စစ်ကြောင်း လူစုခွဲပြီး ပြန်လာကြတဲ့ လူငယ်တချို့ဟာ တိုင်းရင်းဆေးရုံးလမ်းအတိုင်းပြန်လာကြတာဖြစ်ပြီး အဲ့ဒီ ဆန္ဒပြ လူတွေနဲ့ ဆိုင်ထဲက လူတွေ မှားယွင်း ဖမ်းဆီးတာ ဖြစ်နိင်တယ်လို့ ဖမ်းဆီးခံရတဲ့ လူငယ်တွေရဲ့ မိသားစုတွေက ပြောပါတယ်။

အဲ့ဒီ ဖမ်းဆီးခံရတဲ့ လူတွေကို မြို့စောင့် လုံခြုံရေးအဖွဲ့ တပ်စွဲရာ မြို့တော်ခန်းမကို ခေါ်ဆောင်သွားတာဖြစ်တယ်လို့ မြင်တွေ့ရသူတွေက ပြောပါတယ်။

” စစ်မေးမြန်းနေပါတယ်၊ အသိပညာပေး ဟောပြောပြီး ခံဝန်နဲ့ ပြန်လွတ်ပေးဖို့ တော့ အစီအစဥ်ရှိပါတယ် ၊ အားလုံးဖြစ်မလား ၊ မဖြစ်ဘူးလားတော့ မသိသေးဘူး “လို့ မြို့စောင့် လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ယောက်က ပြောပါတယ်။

#voiceofmyanmar #VOM #မုံရွာဖမ်းဆီးမှု

Related posts

Leave a Comment

VOM News

FREE
VIEW