တောင်ငူသပိတ် စထွက်ပြီး သိပ်မကြာခင် လူစုခွဲခံပြီး အချို့ပိတ်မိနေလို့ လူငယ် ၃၀ ကျော် ထပ်မံဆန္ဒပြကယ်ထုတ်

မတ် ၁၂-၃-၂၀၂၁
KLY(VOM)

တောင်ငူမြို့ကျောင်းသား လူငယ်များရဲ့သပိတ် စစ်ကြောင်းကို စတင်ထွက်ခွာပြီးမကြာခင် မနက် ၉ နာရီ ခွဲကျော် ခန့်မှာ တပ်နဲ့ရဲက လူစုခွဲ‌ ခံလုိက်ရတာကြောင့် စေတဝန်ကျောင်းနဲ့ အနီးတစ် ဝိုက်နေအိမ်တွေမှာ မိန်းကလေး တချို့ပိတ်မိနေတဲ့အတွက် လူငယ် ၃၀ခန့်က မြို့ထဲထပ်မံ ဆန္ဒဖော်ထုတ်ပြီးပြန်လည်ခွဲထုတ်ခဲ့ရတယ်လို့ ကျောင်းသားလူငယ်တွေဆီက သိရပါတယ်။

ကွင်းပိုင်းတစ်ဝိုက်နဲ့ စေတဝန်ကျောင်းဘက်မှာ မိန်းကလေးအချို့ပိတ်‌မိနေတာကြောင့် ယောက်ျားလေးချည်းသုံးဆယ်လောက် မြို့ထဲ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

နာရီဝက်လောက်အကြာမှာ သူတို့ထပ်လိုက်လာပြီး လူစုခွဲဖို့ကြိုးစားချိန်မှာ နဂါးရုံးဘုရားနားမှာ လူစုပြန်ခွဲခဲ့တယ်လို့ ကျောင်းသားလူငယ်တစ်ဦးက ပြောပါတယ်။

စစ်တပ်နဲ့ရဲတွေဟာ ထပ်မံဆန္ဒပြနေကြတဲ့ကျောင်းသားအုပ်စုကို လူစုခွဲနေကြချိန် နီးစပ်ရာနဲ့မိသားစုဝင်တွေက ဆိုင်ကယ်တွေကားတွေနဲ့ လိုက်လံခေါ်ပြီး နေအိမ်ကိုပြန်လည်ပို့ဆောင်ပေးခဲ့ရတယ်လို့ အနီးတစ်ဝိုက်နေသူတွေဆီက သိရပါတယ်။

တောင်ငူမြို့မှာ အာဏာရှင်အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်ပွဲကို အာင်ရက်တွေက လူဦးရေ သိန်းနဲ့ချီဆန္ဒဖော်ထုတ်ခဲ့ကြပေမယ့် ပစ်ခတ် လူစုခွဲခံရချိန်ကစပြီး လူဦးရေ လျော့ကျသွားခဲ့ပါတယ်။ ဒီနေ့မနက် ၉ နာရီခန့်ကတော့ ကျောင်းသားလူငယ်ပေါင်း ၁၀၀၀ ခန့်ဟာ ၃၃ရက်မြောက်နေ့အဖြစ် ဆန္ဒဖော်ထုတ်ခဲ့ကြတာလည်းဖြစ်ပါတယ်။

#voiceofmyanmar #VOM #တောင်ငူ

Related posts

Leave a Comment

VOM News

FREE
VIEW