တွံတေး ဆန္ဒပြသူတွေကို ဖြိုခွင်းရာ သုံးဦးဒဏ်ရာရပြီး ငါးဦးအဖမ်းခံရ

ရန်ကုန်၊ မတ်၁၂- ၂၀၂၁
အေးချမ်းသူ(VOM)

ဒီနေ့ မတ်လ ၁၂ရက်နေ့ မနက်ပိုင်း တွံတေးမြို့နယ်က ဆန္ဒပြသူတွေကို စစ်တပ်နဲ့ရဲက ရာဘာကျည်နဲ့ ကျည်အစစ်တွေသုံးပြီး ဖြိုခွင်းခဲ့ရာ သုံးဦးဒဏ်ရာရပြီး ငါးဦးဖမ်းခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဆန္ဒပြရာမှာ ပါဝင်သူတစ်ဦးက “မနက်က ဘောလုံးကွင်းမှာ ဆန္ဒပြတဲ့သူတွေကို ဝင်ပြီးဖြိုတယ်ဖမ်းတယ် ရွှေဆံတော်ဘုရားနားက ထိုင်သပိတ်ကိုလည်း ဝင်ဖမ်းတယ်၊ ရာဘာကျည်ရော ကျည်အစစ်ရောသုံးတာ သုံးဦးထိတယ် ငါးဦးအဖမ်းခံရတယ် “လို့ VOM ကိုပြောပါတယ်။

လက်ရှိအခြေအနေအရ ဖမ်းဆီးခံရသူ ငါးဦးလို့သာ သတင်းရထားပြီး လိုအပ်တာတွေကို ဥပဒေကြောင်းအရ ကူညီပေးသွားမယ်လို့ တရားလွှတ်တော်ရှေ့နေ ဒေါ်သက်သက်ဝေက ပြောပါတယ်။

တွံတေးမြို့ သပိတ်စစ်ကြောင်းကို ဒီနေ့မှာ ပထမဆုံးအကြိမ် ဖြိုခွဲတာလို့ သိရပါတယ်။

#VoiceOfMyanmar #VOM #တွံတေး #ဆန္ဒပြ #ဖြိုခွဲ #ဖမ်းဆီး #ဒဏ်ရာရ

Related posts

Leave a Comment

VOM News

FREE
VIEW