မိုးကောင်းမြို့နယ် နန့်ဟိုင်နဲ့ ဖားကန့်မြို့နယ် ဂေါ်ရီကျေးရွာ‌ ၂ ခုအနီး KIA နှင့် စစ်တပ်တိုက်ပွဲဖြစ်ပွား

ဖားကန့်-မတ် ၁၂-၂၀၂၁
VOM

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဂေါ်ရီကျေးရွာနဲ့ မိုးကောင်းမြို့နယ် နန့်ဟိုင်ကျေးရွာ အနီး ဗျူဟာကုန်းမှာ KIA တပ်ဖွဲ့နဲ့ တပ်မတော်တို့ မတ်လ ၁၂ ရက်နေ့ နံနက် ၄ နာရီ ဝန်းကျင်ကနေ ၈ နာရီ ဝန်းကျင်အထိ တိုက်ပွဲဖြစ်ပွာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

” နန့်ဟိုင်မှာဖြစ်တာ လဘန်ကထောင်ကြား အဲ့ဒါကို ဒီကုန်းကနေ လက်နက်ကြီး ပစ်ကူပေးတာ အသေအပျောက်တော့ မကြားဘူး မနက်က တိုက်ပွဲကတော့ တော်တော်ကြာတယ် လေယာဉ်တွေ ဘာတွေလာဝဲသွားတာ၊ စခန်းကုန်းမှာလည်း တစ်ချက် နှစ်ချက် လာပစ်သွားတယ် ၊ ရဲစခန်းရှိတယ် အဲ့မှာ ဗျူဟာရှိတယ် ကုန်းပေါ်မှာ ကေအိုင်အေကတော့ အရင်တုန်းကတော့ ရင်း ၆ နယ်ပေါ့ အခုတော့ပျောင်းသွားပြီ ၊ ဗျူဟာကုန်းကပစ်တဲ့ လက်နက်ကျည်အစ ကျလို့ ကလေးတွေထိတယ် ၊ အခုတော့ လမ်းတွေလည်း ပိတ်ထားတယ် ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဲ့ဒီတိုက်ပွဲကြောင့် အနီးနား နန့်မော်ကထောင်က လူနေရပ်ကွက်အထိ လက်နက်ကျည် ကျရောက်လို့ အမျိုးသမီး တစ်ဦးနှင့် ကလေး ၂ ဦး ထိခိုက်ဒဏ်ရာ ရထားတယ်လို့ ဆိုပါတယ်။

” လူတော့ မသေကြ‌သေးဘူး နန့်မော်ကထောင် ရပ်ကွက်က မိန်းမ တစ်ယောက်နဲ့ ကလေး ၂ ယောက် ဒဏ်ရာရတယ်လို့ ပြောတယ်။ ဆိုင်တွေလည်း ပိတ်တယ် အခု လမ်းပေါ်မှာတော့ စစ်သားရော ရဲရော မရှိဘူး ၊ မနက်ကတော့ လက်နက်ကြီးသံတွေရော သေနတ်သံတွေရော ဒုန်းဒုန်း ဒိုင်းဒိုင်းပေါ့ အခုကတော့ ၁၁ နာရီလောက်က စပြီး မကြားရတော့ဘူး ” မျက်မြင်တွေ့ရှိ တစ်ဦးကပြောပါတယ်။

ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့က ဦးလမိုင်ဂွန်ဂျာကို တိုက်ပွဲဖြစ်တာနဲ့ ပတ်သက်ပြီး မေးကြည့်တော့ ” တိုက်ပွဲဖြစ်တယ်လို့ပဲ သိတယ် ဘယ်လိုကြောင့်ဆိုတာ မသိရဘူး ဘာမှလုပ်ဆောင်မှုတော့မရှိသေးဘူး လောလောဆယ်။ ဘာပဲဖြစ်ဖြစ်လေ အခုလို တိုက်ပွဲပြန်စပြီဆိုတော့ ရှေ့ဆက်သွားရမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကတော့ အားလုံးအလှမ်းဝေးသွားပြီလို့မြင်တယ်လေ ဘာပဲဖြစ်ဖြစ် နှစ်ဦးနှစ်ဖက် ဆွေးနွေးညှိနှိုင်းလိုက်လျှင်တော့ ပိုအဆင်ပြေမယ်လို့ထင်တယ်။ ” ဆိုပြီး သူ့အမြင်ကို ပြောပါတယ်။

မတ်လ ၁၁ ရက်နေ့က ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအနီးက တပ်စခန်းကို KIA က တိုက်ခိုက်စခန်းသိမ်းပြီး ပြထွက်ခွာသွားတဲ့ ဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ဒီကနေ့ တိုက်ပွဲဆက်ဖြစ်ခဲ့တာဖြစ်ပါတယ်။ အကျဆုံးရှိမရှိကိုတော့ အတည်ပြုမရသေးပါဘူး ဒေသခံတွေရဲ့ ပြောပြချက်မှာတော့ အထိအခိုက်မတွေ့ရသေးဘူးလို့ ဆိုပါတယ်။ အရပ်သား တချို့ကတော့ စိုးရိမ်ပြီး တိမ်းရှောင်မှုရှိနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မိုးကောင်း #ဖားကန့်

 

Related posts

Leave a Comment

VOM News

FREE
VIEW