ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ထားတဲ့ ရန်ကုန်က သတင်းထောက်တွေကို ရုံးစထုတ်

ရန်ကုန်၊ မတ် ၁၂-၂၀၂၁ အေးချမ်းသူ(VOM) ရန်ကုန်မှာ ဖမ်းဆီးခံရပြီး ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ခံထားရတဲ့ သတင်းထောက် ၆ ဦးကို ဒီနေ့ မတ်လ ၁၂ ရက်နေ့ မနက်ပိုင်းက မြို့နယ်တရားရုံးနှစ်ခုမှာ ဗီဒီယိုကွန်ဖရန့်စင်းနဲ့ စတင်ရုံးထုတ်ခဲ့ပြီး အာမခံရရှိရေးအတွက် ကြိုးစားနေတယ်လို့ လိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ ပြည်သူပါတီရှေ့နေအဖွဲ့ကနေ သိရပါတယ်။ “နောက်လာမယ့် ရုံးချိန်းမှာ အကုန်လုံး အာမခံရရှိရေးအတွက် ကြိုးစားသွားမှာပါ ဒီနေ့ကတော့ ဗီဒီယိုကွန်ဖရန့်စင်းနဲ့ ရုံးထုတ်တာပါ” လို့ ဖမ်းဆီးခံရသူတွေဘက်က လိုက်ပါကူညီနေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်နီလာခိုင်က ပြောပါတယ်။ Myanmar Now သတင်းဌာနက သတင်းထောက် မကေဇွန်နွေးကို စမ်းချောင်းမြို့နယ်တရားရုံး၊ 7day က သတင်းထောက် ကိုအောင်ရဲကို၊ APသတင်းဌာနက ကိုသိန်းဇော်၊ MPA သတင်းဌာနက ကိုရဲမျိုးခန့်၊ အလွတ်တန်းသတင်းထောက် ကိုဗညားဦး၊ ဇီးကွက်သတင်းဌာနက ကိုဟိန်းပြည့်ဇော်တို့ကို ကမာရွတ်မြို့နယ်တရားရုံးမှာ ဗီဒီယိုကွန်ဖရန့်စင်းနဲ့…

Read More

မန္တလေးမြို့ သံဃသမဂ္ဂ သပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြ

မန္တလေး၊ မတ်- ၁၂-၂၀၂၁ ရှိုင်းအောင်(VOM) မန္တလေးမြို့က သံဃသမဂ္ဂ သပိတ်စစ် ကြောင်းဟာ ဒီကနေ့ နေ့လည်ပိုင်းက လမ်း လျှောက်ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။ #VOM #voiceofmyanmar #Mandalay #သံဃသမဂ္ဂ #ဆန္ဒပြ #မန္တလေး

Read More

ခရမ်းက သပိတ်စစ်ကြောင်းကို ကြည်းတပ်အပြင် ရေတပ်ကပါ ပိတ်ဆို့တားဆီး

မတ် ၁၂-၂၀၂၁ TG(VOM) ဒီနေ့ မတ်လ ၁၂ ရက်နေ့မနက် ခရမ်းမြို့နယ်က ဆန္ဒပြလူထုသပိတ်စစ်ကြောင်းကို ရဲနဲ့ ကြည်းတပ်အပြင် ရေတပ် တပ်ဖွဲ့ဝင်တွေကပါ လာရောက်ပိတ်ဆို့တားဆီးမှုတွေပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲ့ဒီလို ပိတ်ဆို့တားဆီးမှုတွေကြားကပဲ သပိတ်စစ်ကြောင်းနှစ်ခုခွဲပြီး မြို့တပတ်လှည့် ဆန္ဒထုတ်ဖော်နိုင်ခဲ့တယ်လို့ သိရပါတယ်။ “ဒီနေ့မှာ ရေတပ်ကပါ လာရောက်တာတွေ့ရတယ်။ အရင်ရက်တွေက သွားနေတဲ့လမ်းတွေအကုန်ပိတ်ဆို့ထားတယ်၊ ဒါနဲ့လမ်းကြောင်းပြောင်း သပိတ် ၂ ခုခွဲတမြို့လုံးပတ်ပြီး ဆက်လက်ပြတာလုပ်ပါတယ်။ နောက်ဆုံး ဖြိုခွဲရမှုမရှိဘဲ လူစုခွဲဆန္ဒပြမှု ပြီးဆုံးနိုင်ခဲ့တယ်”လို့ ဆန္ဒပြ ပါဝင်သူတစ်ဦးကပြောပါတယ်။ ဆန္ဒပြ လူထုသပိတ်စုရပ်ဖြစ်တဲ့ မီးသတ်ရုံးအရှေ့မှာပဲ ကြည်းတပ်၊ ရဲ၊ ရေတပ်က အင်အား ၅၀ ကျော်လောက်နဲ့ ဆန္ဒပြမယ့်သူတွေကို ပိတ်ဆို့တားဆီးခဲ့လို့ လူထုဟာ လမ်းကြောင်းပြောင်းပြီး စစ်ကြောင်းနှစ်ခုခွဲကာ မြို့တစ်ပတ် လှည့်လည်ဆန္ဒပြခဲ့ရတာဖြစ်ပါတယ်။ လမ်းကြောင်းပြောင်းပြီး ဆန္ဒပြချိန်မှာလည်း စစ်တပ်နဲ့ရဲတပ်ဖွဲ့ ဝင်တွေဟာ သပိတ်စစ်ကြောင်းနောက်ကနေ လိုက်လံမှုရှိခဲ့တဲ့အတွက်…

Read More

ပေါင်းတည်မှာ မိုးမလင်းခင် ဆန္ဒပြ

ပေါင်းတည်၊ မတ် ၁၂-၂၀၂၁ SN ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့မှာ ဆန္ဒပြမှုတွေကို စစ်တပ်နဲ့ရဲက ပိတ်ဆို့ဖမ်းဆီးတာတွေကြောင့် ဒီနေ့ မတ်လ ၁၂ရက်နေ့မှာတော့ မိုးမလင်းခင် လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့တယ်လို့ သတင်းရရှိပါတယ်။ #VoiceOfMyanmar #VOM #ပေါင်းတည် #မိုးမလင်းခင်ဆန္ဒပြ

Read More

တောင်ဥက္ကလာသပိတ် ဖြိုခွဲခံရ

ရန်ကုန်-မတ်-၁၂-၂၀၂၁ MWT(VOM) ရန်ကုန်တိုင်း တောင်ဥက္ကလာမြို့နယ် ပဒေသာလမ်းဆုံမှာ အာဏာရှင်ဆန့်ကျင်ရေးဆန့်ကိင်ဆန္ဒပြနေတဲ့ သပိတ်ကို ရဲ နဲ့ စစ်တပ်က မတ်လ ၁၂ ရက် မနက် ၁၁ နာရီမှာ စတင်ဖြိုခွင်းမှုတွေပြုလုပ်ခဲ့ပါတယ်။ ဒီလိုဖြိုခွင်းမှုတွေလုပ်ဆောင်ရာမှာ အရင်လိုမျိုးမဟုတ်တော့ကြောင်းလည်း ဖြိုခွင်းခံရသူတွေထဲကတစ်ယောက်ကပြောပါတယ်။ “အရင်လိုမဟုတ်ဘူး။လူစုခွဲဖို့ဘာညာမပြောတဲ့အပြင် အခုက ကားပေါ်က ဆင်းလာတာနဲတန်းပစ်တာ။ တန်းစီတာတောင်မလုပ်ကြတော့ဘူး” လို့ ဆန္ဒပြရာမှာ ပါဝင်သူတယောက် ကပြောပါတယ်။ ဒီလိုဖြိုခွင်းမှုမှာ သေနတ်နဲ့ပစ်ခတ်မှုမရှိခဲ့ပေမယ့် အသံဗုံးသုံးဖြိုခွဲမှုတွေပြုလုပ်ခဲ့ပြီး လတ်တလောသိရတဲ့သတင်းတွေအရ ငါးဦးခန့်ဖမ်းဆီးခံခဲ့ရတယ်လို့သိရပါတယ်။ #voiceofmyanmar #VOM #တောင်ဥက္ကလာ

Read More

မနေ့က မူဆယ်ဆန္ဒပြပွဲ ၁၃ဦးဖမ်းဆီးခံရပြီး ၄ဦးပြန်လွတ်

မတ် ၁၂-၂၀၂၁ Shayi Violin(VOM) မနေ့ မတ် ၁၁ရက်နေ့က မူဆယ်မြို့ နာရီစင်အနီး ဆန္ဒပြပွဲမှာပါဝင်သူ ၁၃ဦးဖမ်းဆီးခံရပြီး ၄ဦးကိုတော့ ပြန်လွှတ်ပေးခဲ့တယ်လို့ ဆန္ဒပြပွဲပါဝင်တဲ့ ဒေသခံတွေဆီက သိရပါတယ်။ “ဖမ်းတာ ၁၃ဦး၊ လေးဦးပြန်လွှတ်တယ်။ ၃ဦးက အအသက်မပြည့်လို့၊ တစ်ဦးက စျေးသွားတာကြောင့် ပြန်လွှတ်တာ” လို့ ဆန္ဒပြရာမှာ ပါဝင်သူတဦးက ပြောပါတယ်။ အဲ့ဒီလို ဖမ်းဆီးခံရတာတွေ ရှိပေမယ့် ပြည်သူအချို့ကတော့ ရဲတပ်ဖွဲ့ကို တိမ်းရှောင်ကာ ရပ်ကွက်ထဲ ဆက်လက်ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ ပါဝင်သူတစ်ဦးက ပြောပါတယ်။ #VoiceOfMyanmar #VOM #မူဆယ်ဆန္ဒပြပွဲ #ဖမ်းဆီး

Read More

တောင်ငူသပိတ် စထွက်ပြီး သိပ်မကြာခင် လူစုခွဲခံပြီး အချို့ပိတ်မိနေလို့ လူငယ် ၃၀ ကျော် ထပ်မံဆန္ဒပြကယ်ထုတ်

မတ် ၁၂-၃-၂၀၂၁ KLY(VOM) တောင်ငူမြို့ကျောင်းသား လူငယ်များရဲ့သပိတ် စစ်ကြောင်းကို စတင်ထွက်ခွာပြီးမကြာခင် မနက် ၉ နာရီ ခွဲကျော် ခန့်မှာ တပ်နဲ့ရဲက လူစုခွဲ‌ ခံလုိက်ရတာကြောင့် စေတဝန်ကျောင်းနဲ့ အနီးတစ် ဝိုက်နေအိမ်တွေမှာ မိန်းကလေး တချို့ပိတ်မိနေတဲ့အတွက် လူငယ် ၃၀ခန့်က မြို့ထဲထပ်မံ ဆန္ဒဖော်ထုတ်ပြီးပြန်လည်ခွဲထုတ်ခဲ့ရတယ်လို့ ကျောင်းသားလူငယ်တွေဆီက သိရပါတယ်။ ကွင်းပိုင်းတစ်ဝိုက်နဲ့ စေတဝန်ကျောင်းဘက်မှာ မိန်းကလေးအချို့ပိတ်‌မိနေတာကြောင့် ယောက်ျားလေးချည်းသုံးဆယ်လောက် မြို့ထဲ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ နာရီဝက်လောက်အကြာမှာ သူတို့ထပ်လိုက်လာပြီး လူစုခွဲဖို့ကြိုးစားချိန်မှာ နဂါးရုံးဘုရားနားမှာ လူစုပြန်ခွဲခဲ့တယ်လို့ ကျောင်းသားလူငယ်တစ်ဦးက ပြောပါတယ်။ စစ်တပ်နဲ့ရဲတွေဟာ ထပ်မံဆန္ဒပြနေကြတဲ့ကျောင်းသားအုပ်စုကို လူစုခွဲနေကြချိန် နီးစပ်ရာနဲ့မိသားစုဝင်တွေက ဆိုင်ကယ်တွေကားတွေနဲ့ လိုက်လံခေါ်ပြီး နေအိမ်ကိုပြန်လည်ပို့ဆောင်ပေးခဲ့ရတယ်လို့ အနီးတစ်ဝိုက်နေသူတွေဆီက သိရပါတယ်။ တောင်ငူမြို့မှာ အာဏာရှင်အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်ပွဲကို အာင်ရက်တွေက လူဦးရေ သိန်းနဲ့ချီဆန္ဒဖော်ထုတ်ခဲ့ကြပေမယ့် ပစ်ခတ် လူစုခွဲခံရချိန်ကစပြီး လူဦးရေ လျော့ကျသွားခဲ့ပါတယ်။ ဒီနေ့မနက် ၉…

Read More

ရဲလိုက်ဖမ်းတာကို ရှောင်ဖို့ ပုသိမ်မှာ ပြောက်ကျားစနစ်နဲ့ ဆန္ဒပြ

မတ် ၁၂-၂၀၂၁ KA ပုသိမ်မြို့မှာ ဒီနေ့မတ်လ ၁၂ရက်နေ့ မနက်ပိုင်းက ဆန္ဒပြသူတွေဟာ ပြောက်ကျားစနစ်နဲ့ ဆန္ဒပြခဲ့ပါတယ်။ မြစ်၀ကျွန်းပေါ် တော်လှန်တပ်ဦးသပိတ်စစ်ကြောင်းက မြို့တွင်းမှာလှည့်လည်ခဲ့ပြီး နွေဦးတော်လှန်ရေးသပိတ်စစ်ကြောင်းကတော့ လူခွဲပြီး ပုသိမ်မြို့ရဲ့ လူစည်ကားရာနေရာတွေမှာ ပြောက်ကျားစနစ်နဲ့ ဆန္ဒပြခဲ့တာပါ။ ဖေဖော်ဝါရီ ၂၈ရက်နေ့ကစပြီး ရဲတပ်ဖွဲ့က မြို့ထဲလမ်းတွေကို ပိတ်ဆို့ထားခဲ့တာကြောင့် ရပ်ကွက်တွေအတွင်းမှာ လှည့်လည်ဆန္ဒပြခဲ့ရပြီး လူစုခွဲပစ်ခတ်ဖမ်းဆီးမှုတွေ လုပ်ခဲ့တာကြောင့် ဒဏ်ရာရသူတွေနဲ့ ဖမ်းဆီးခံရသူတွေ ရှိခဲ့ပါတယ်။ ဒီနေ့မှာတော့ ခုလိုရဲတပ်ဖွဲ့က ရပ်ကွက်တွေထိလိုက်လံ ဖမ်းဆီးလူစုခွဲတာကို ထိပ်တိုက်မတွေ့အောင်လို့ ပြောက်ကျားစနစ်နဲ့ လှည့်လည်ဆန္ဒပြခဲ့ကြတာလို့ ဦးဆောင်သူတွေကပြောပါတယ်။ ပုသိမ်မြို့မှာ ဆန္ဒပြနေတာ ဒီနေ့နဲ့ဆိုရင် ၃၄ရက်​ရှိနေပြီး ရဲနဲ့စစ်တပ်ပိတ်ဆို့နေတဲ့ကြားက ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။ #VoiceOfMyanmar #VOM #ပုသိမ် #ဆန္ဒပြ #ပြောက်ကျား

Read More

စစ်တွေမြို့ မကျည်းမြိုင်ရပ်ကွက်မှာ နေအိမ် (၇) လုံး မီးလောင်

စစ်တွေ-မတ် ၁၂- ၂၀၂၁ ထက်အောင်စိုင်း (VOM) စစ်တွေမြို့မှာ ဒီကနေ့ မနက် ၁၁ နာရီလောက်က မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ကာ မကျည်းမြိုင်ရပ်ကွက်ရှိ နေအိမ် (၇) လုံး မီးလောင်ဆုံးရှုံးသွားကြောင်းသိရပါတယ်။ မီးလောင်မှုကြောင့် သွပ်မိုး၊ ပျဥ်/အုတ်ကာအမျိုးစားစား လူ နေအိမ် (၃) လုံး၊ ပျည်ကာ/ ပျည်ခင်း လူနေအိမ်(၂) လုံးနဲ့ အထပ်သားကာ၊ ပျည်ခင်း အမျိုးအစား နှစ်လုံး အားလုံး နေအိမ် (၇) ဆောင်မီးလောင်ကာ ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း (၅၁) သိန်း ဖိုးဆုံးရှုံးကြောင်း စစ်တွေမြို့နယ် မီးသတ်ဦးစီးဌာနရဲ့ သတင်းပေးပို့ချက်အရ သိရပါတယ်။ မီးလောင်သွားတဲ့ နေအိမ်ပိုင်ရှင် တွေမှာ ဒေါ်မအေးကျော့ ၊ မနွယ်နွယ်အေး၊ ဦးထွန်းလင်းကျော်၊ ဦးလှအောင်သိန်း၊ မခင်ဂျူးဂျူး၊ ဒေါ်စန္ဒာဝင်း၊ ဦးနေကြည်လင်းနဲ့ ဦးနိုင်စိုး တို့ ဖြစ်ကြပြီး မီးဘေးဒုက္ခသည် ကျား…

Read More

ရှေ့နေတွေနဲ ဥပဒေကျောင်းသားတွေ အပါအဝင် လူ ၂၀ ကို လဖက်ရည်ဆိုင်ထဲ ဝင်ရောက်ဖမ်းဆီး

မုံရွာ_မတ် ၁၂ ၊ ၂၀၂၁ Voice Of Myanmar (KTG) စစ်ကိုင်းတိုင်း မုံရွာမြို့ ချမ်းမြဝတီရပ်ကွက် တိုင်းရင်းဆေးရုံလမ်းနဲ့ ဗန္ဓုလမ်းလမ်းအနီးမှာ ဖွင့်ထားတဲ့ ပွင့်သစ်လဖက်ရည်ဆိုင်ထဲကို ဒီကနေ့ မတ် ၁၂ ရက် မနက် ၁၁ နာရီက လုံခြုံရေးတပ်ဖွဲ့ကာ ရုတ်တရက်ဝင်ရောက်ပြီး လက်လက်ရည်ဆိုင်ထဲက လူ ၂၀ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ အဲ့ဒီ ဖြစ်စဥ်ကို မြင်တွေ့လိုက်သူ တစ်​ယောက် ပြောတာက ” လက်လက်ရည်ဆိုင် ပိုင်ရှင်က ဒု မြို့နယ်တရားသူကြီး (ဟောင်း)ဒေါ်သဇင်မြင့်ဇော်ရဲ့ဆိုင်ဖြစ်တယ် ၊ ဖမ်းသွားတဲ့ထဲမှာ ဆိုင်ရှင် လင်မယားပါတယ်၊ ရှေ့နေ နှစ်ယောက်နဲ့ ဥပဒေ ကျောင်းသား သုံးလေးယောက်လည်း ပါသွားတယ် အားလုံး ဖမ်းဆီးခံရတာ ၂၀ ကျော်လောက်ရှိတယ် ၊ သူတို့အား လုံးက ဆိုင်ထဲမှာ လက်လက်ရည်သောက်နေကြတာဖြစ်တာ “လို့…

Read More
VOM News

FREE
VIEW