ပြည်မြို့က သပိတ်စစ်ကြောင်း ပစ်ခတ်ဖြိုခွဲခံရပြီး ဒဏ်ရာရသူတွေရှိနေ

မတ် ၁၃-၂၀၂၁
VOM

ဒီနေ့ မတ်လ ၁၃ ရက်နေ့ ဖုန်းမော်နေ့မှာ ပြုလုပ်တဲ့ ပြည်မြို့က လူထုသပိတ်စစ်ကြောင်းကို စစ်တပ်နဲ့ရဲက ပစ်ခတ်ဖြိုခွဲမှုတွေ လုပ်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရသူ ၂ ဦးထက်မနည်းရှိနေတယ်လို့ သိရပါတယ်။

“ကိုးသောင်းဘက်မှာက ပေါင်ကို ရာဘာကျည်တင်၊ ကျည်အစစ်ဗိုက်ထိတယ်၊ မြို့သစ် ၁၃ လမ်းမှာလည်းထိတယ်ပြောတယ်၊ ထိခိုက်မိသူအခြေအနေတွေတော့မသိရသေးဘူး။ဆေးကုဖို့တော့ခေါ်သွားတယ်”လို့ ဆန္ဒပြ ပါဝင်သူတစ်ဦးကပြောပါတယ်။

ပြည်မြို့ ကိုးသောင်းကျောင်းနားက ရွှေတချောင်းလမ်းမပေါ်က ဆန္ဒပြလူထုကိုပစ်ခတ်ဖြိုခွဲမှုမှာ ဗိုက်ကိုကျည်ထိသူ၊ ခြေထာက်ကိုထိသူတွေရှိထားပြီး၊ မြို့သစ်ဘက်က ပစ်ခတ်ဖြိုခွဲခံရမှုမှာလည်း ဒဏ်ရာရသူ တွေရှိနေတယ်လို့ သိရပါတယ်။

ဗိုက်ကျည်ထိခဲ့သူကို ရဲတပ်ဖွဲ့က ခေါ်ဆောင်သွားတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ရက်တွေမှာလည်း ပြည်မြို့မှာ ပစ်ခတ်ဖြိုခွဲမှုတွေရှိခဲ့ပြီး ရာဘာကျည်ထိမှန်ဒဏ်ရာရသူတွေရှိသလို ဖမ်းဆီးခံထားရသူတွေလည်း ရှိနေပါတယ်။

#VoiceOfMyanmar #VOM #ပစ်ခတ်ဖြိုခွဲ #ဒဏ်ရာရ

Related posts

Leave a Comment

VOM News

FREE
VIEW