မြင်းခြံသပိတ်မှာ ကျဆုံးခဲ့တဲ့ KBZ ဝန်ထမ်း ကိုထူးအောင်ကျော်ရဲ့ စျာပန

မတ် ၁၃-၂၀၂၁
VOM(TG)

မြင်းခြံမြို့က ဆန္ဒပြပွဲမှာ သေဆုံးသွားခဲ့တဲ့ အာဇာနည် သူရဲကောင်း ကိုထူးအောင်ကျော်ရဲ့ စျာပနအခမ်းအနားကို ဒီနေ့မတ်လ ၁၃ ရက်နေ့ နေလယ် ၂ နာရီမှာပြုလုပ်ခဲ့ကြပါတယ်။

ကိုထူးအောင်ကျော်ရဲ့ နောက်ဆုံးခရီး စျာပနာကို မြင်းခြံမြိုလုံးကျွတ် ပြည်သူအားလုံးက လိုက်ပါပို့ဆောင်ခဲ့ကြတယ်လို့ သိရပါ တယ်။စျာပနကို မြင်းခြံ ချောင်းဒေါင်း သုသာန်မှာပြုလုပ်ခဲ့တာဖြစ်ပါတယ်။

“တစ်မြို့လုံးအပြည့်လိုက်ပို့ကြတယ်။လူအင်အား သိန်းဂဏန်း လောက်တောင် ရှိမယ်။ဒီနေ့ ၂ နာရီလုပ်တာပါ”လို့ ဒေသခံတစ်ဦးက ပြောပါတယ် ။

ကိုထူးအောင်ကျော် အသက် ၂၆ နှစ်ဟာ ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့က စစ်တပ်နဲ့ရဲရဲ့
အကြမ်းဖက် ပစ်ခတ်ဖြိုခွဲမှုမှာ မျက်လုံးကိုကျည်ထိမှန်ခဲ့ပြီး မန္တလေးကိုပို့ဆောင် ဆေးကုရင်း မတ်လ ၁၁ ရက်နေ့မှာ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

Photo NMK

#voiceofmyanmar #vom #မြင်းခြံ

Related posts

Leave a Comment

VOM News

FREE
VIEW