လှိုင် NLDအမတ်ကို လာဖမ်းရာက စစ်တပ်ကပစ်လို့ တဦးသေပြီး နှစ်ဦးဒဏ်ရာရ

ရန်ကုန်၊ မတ် ၁၃-၂၀၂၁
အေးချမ်းသူ(VOM)

မနေ့ မတ်လ ၁၂ရက်နေ့ ည ၁၂ နာရီလောက်က လှိုင်မြို့နယ် ၁၆ရပ်ကွက်နေ လှိုင် NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်မာဌေးကို စစ်တပ်က လာရောက်ဖမ်းဆီးရာကနေ ရပ်ကွက်အတွင်း ပစ်ခတ်မှုကြောင့် တဦးသေပြီး နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

မာလာမြိုင် ၄ လမ်းမှာ နေသူတစ်ဦးက “ည ၁၂ နာရီလောက်မှာ စစ်တပ်က အလုံးအရင်းနဲ့ ရပ်ကွက်ထဲဝင်လာတယ်။ ဒေါ်ခိုင်မာဌေးအိမ်ကို ဖျက်ပြီးဝင်တယ်၊ လူမရှိဘူး။ ရပ်ကွက်က လူသုံးဦး စစ်တပ်ကပစ်လို့ ဒဏ်ရာရသွားတယ်”လို့ VOM ကို ပြောပါတယ်။

ရပ်ကွက်ထဲဝင်လာတဲ့ စစ်တပ်ကို မာလာမြိုင် ၁လမ်းကနေ ၈လမ်းအတွင်း နေထိုင်သူတွေက သံပုံးတီးမောင်းထုတ်ရာ စစ်တပ်က အသံဗုံးတွေ၊ မျက်ရည်ယိုဗုံးတွေအပြင် ကျည်အစစ်နဲ့ပါ ပစ်ခတ်ခဲ့တာကြောင့် ဦးခေါင်းထိမှန်သူ၊ ပေါင်ထိသူ၊ ခြေထောက်ထိသူသုံးဦးရှိခဲ့ပြီး ဦးခေါင်းကျည်ထိတဲ့ အသက်၁၉နှစ်အရွယ်ရှိ ကိုအောင်ပိုင်ဦးကတော့ ဒီနေ့ မတ်လ ၁၃ရက်နေ့ မနက်ပိုင်းက ဂရန်းဟန်သာဆေးရုံမှာ ဆေးကုသမှုခံနေစဉ် သေဆုံးခဲ့ပါတယ်။

စစ်တပ်နဲ့ရဲရဲ့ ပစ်ခတ်မှုကြောင့် ဖေဖော်ဝါရီ ၈ရက်နေ့ကနေ မတ်လ ၁၃ရက်နေ့အထိ သေဆုံးသူ ၇၃ဦးထိ ရှိခဲ့ပြီ ဖြစ်ပါတယ်။

#VoiceOfMyanmar #VOM #လှိုင်မြို့နယ် #၁၆ရပ်ကွက် #ပစ်ခတ် #သေဆုံး #ကိုအောင်ပိုင်ဦး

Related posts

Leave a Comment

VOM News

FREE
VIEW