အင်းတော်မြို့နယ် သဲချောင်းရွာအနီး မီးရထားသံလမ်းတံတား ဖောက်ခွဲဖျက်စီးခံရ

ကသာ၊ မတ် ၁၃-၂၀၂၁
စပ်ခွန်သာ

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ သဲချောင်းရွာအနီးမှာရှိတဲ့ သဲချောင်းမီးရထားသံလမ်းတံတားဟာ မနေ့ မတ်လ ၁၂ ရက်နေ့ ည (၁၁)နာရီနဲ့ (၁၂)နာရီကြားမှာ ဖောက်ခွဲဖျက်စီးခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီ ဖောက်ခွဲမှုနဲ့ ပတ်သတ်ပြီး ဒေသခံတစ်ဦးက “မီးရထားသံလမ်းပါ၊ သဲချောင်းဆိုတဲ့ ရွာနားကတံတားကုန်းပါ။ အင်းတော်မြို့နယ် နဲ့ ဝန်းသိုမြို့နယ် ရောက်ခါးနီး သံလမ်းတံတားပေါ့။ ညတုန်းက (၁၁)နာရီကျော်လောက်မှာ ဖြစ်သွားတာ။ သဲချောင်းဆိုတဲ့ ရွာနဲ့ နီးတယ်။ လူထိခိုက်တာတော့ မရှိပါဘူး။ ရထားတွေ CDMစလှုပ်ရှားတဲ့ထဲက ရထားမလာဘူးပေါ့။ လောလောဆယ်တော့ အသုံးပြုလို့မရတော့ဘူး” လို့ ပြောပါတယ်။

သဲချောင်းမီးရထားသံလမ်း ပေါက်ကွဲမှုကြောင့် သဲချောင်းရွာထဲက နေအိမ်အချို့ မြေတုန်ခါတာကို ခံစားကြရပြီး ဘယ်အဖွဲ့အစည်းက ပြုလုပ်တယ် ဆိုတာကိုတော့ မသိရသေးပါဘူး။

#VoiceOfMyanmar #VOM #အင်းတော်မြို့နယ် #သဲချောင်းရွာ #မီးရထားသံလမ်းတံတား #ဖောက်ခွဲဖျက်စီး

Related posts

Leave a Comment

VOM News

FREE
VIEW