ဖားကန့် ဆန္ဒဖော်ထုတ်သူတစ်ဦး ကျည်အစစ်ထိမှန်ပြီး သေဆုံး

မတ် ၁၄ -၂၀၂၁
ZMH

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့မှာ အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု သပိတ်စစ်ကြောင်း ဖြိုခွဲခံရတဲ့အတွက် ဆန္ဒပြသူတွေထဲက လူငယ်တ်ဦး ညာဘက်ရင်အုံ အထက်နားကို ကျည်ဆံအစစ်ထိမှန်ကာ ဆေးရုံမှာ သေဆုံးခဲ့တယ်လို့ ဆန္ဒဖော်ထုတ်ရာမှာပါဝင်တဲ့ မျက်မြင်တစ်ဦးကပြောပါတယ်။

သေဆုံးသူဟာ ကိုကျော်လင်းထိုက်၊အသက် (၃၀)နှစ်၊ ဆိပ်မူကျေးရွာ ရပ်ကွက်(၄)၊ ( အောက်ပိုင်းဇာတိ မိုးကောင်းမြို့ အိုးတန်းရပ်ကွက် )ကဖြစ်တယ်လို့ သိရပါတယ် ။

သေဆုံးသူနဲ့အတူ အခြားဆန္ဒဖော်ထုတ်သူ (၆) ဦးလည်း သေနတ်မှန်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဖားကန့် #ကျည်အစစ်ထိမှန် #သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW