လှိုင်သာယာသပိတ် ဖြိုခွင်းခံရမှုကြောင့် နှစ်ဦးသေဆုံး ဒဏ်ရာရရှိသူများပြား

ရန်ကုန်၊မတ် ၁၄၊၂၀၂၁
အေးချမ်းသူ(VOM)

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်အတွင်းရှိ ဆန္ဒပြပွဲတွေကို စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက ယနေ့နေ့လယ်ပိုင်းမှာ ဖြိုခွင်းခဲ့ရာ ကနဦးသတင်းအရ နှစ်ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများပြားတယ်လို့ ရပ်ကွက်နေသူတွေကပြောပါတယ်။

“ထိတဲ့သူကတော့ အများကြီးပဲ တစ်ဦးတော့ဆုံးသွားပြီ၊ ၃ထိပ်မှာ ဦးခေါင်းပွင့်ထွက်ပြီးသေဆုံးသွားတာပါ”လို့ အမှတ်(၃)ရပ်ကွက်မှာ နေထိုင်သူတစ်ဦးက VOMကို ပြောပါတယ်။

လှိုင်သာယာ ၁ ထိပ် ၊ ၃ ထိပ် ၊ ၅ထိပ်မှာရှိတဲ့ အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်း အသီးသီးကို စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက ပစ်
ခတ်ဖြိုခွင်းခဲ့တာဖြစ်တယ်လို့လည်း ဒေသခံပြည်သူတွေက ပြောပါတယ်။

သေဆုံးသူဟာ ကစင်ကျေးရွာ၊ အင်ကြင်း ၁ လမ်းမှာနေတဲ့ ကိုဇော်သန်း ဖြစ်ပြီး ၃ ထိပ် ထိုင်သပိတ်မှာ ဆန္ဒပြနေချိန် ခေါင်းကိုကျည်
အစစ်နဲ့ ပစ်ခတ်ခံရပြီး ဦးနှောက်ပွင့် သေဆုံးခဲ့ခြင်းဖြစ်ပါတယ်။

ထပ်မံသေဆုံးသူကတော့ အသက် ၁၉နှစ်အရွယ် မောင်ကောင်းခန့်ဖြစ်ပြီး အမှတ် ၅ရပ်ကွက် အဆင့်မြင့်မှတ်တိုင်အနီးမှာ နေထိုင်သူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

လှိုင်သာယာမြို့နယ်မှာ ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်နေ့ကလည်း NLDလွှတ်တော်ကိုယ်စားလှယ်တွေကို ဝင်ရောက်ဖမ်းဆီးချိန် ရပ်ကွက်နေပြည်သူတွေက သံဗုံးတီးနှင်ထုတ်မှုကြောင့် ပစ်ခတ်ဖြိုခွင်းတာပြုလုပ်ခဲ့ပြီး အမျိုးသား၁၂ဦး၊ အမျိုးသမီး ၁ ဦးတို့ကို ဖမ်းဆီးခဲ့တယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #လှိုင်သာယာ #ထိုင်သပိတ်ဖြိုခွင်းမှု #လူ၂ဦးသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW