ဒိုင်းကာတွေ လုပ်ပေးလို့ဆိုပြီး ဖျာပုံမှာ ဝပ်ရှော့လုပ်သားတစ်ဦးကို ဖမ်းဆီး

မတ် ၁၄-၂၀၂၁
KA

ဧရာ၀တီတိုင်း၊ ဖျာပုံမြို့ (၁)ရပ်ကွက်၊ ဓနိတော (၆)လမ်းအတွင်းက အောင်သန်းကျော်ဝပ်ရှော့လုပ်သားတစ်ဦးကို ရဲနဲ့စစ်တပ်တွေ ဒီနေ့ မတ်လ ၁၄ရက်နေ့ မနက် ၁၁နာရီကျော်လောက်က လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဆန္ဒပြသူတွေအတွက် လက်နက်တွေ၊ ဒိုင်းကာတွေ လုပ်ပေးလို့ဆိုပြီး ဝပ်ရှော့ကို ရှာဖွေစစ်ဆေးကာ လုပ်သားကို ဖမ်းဆီးခဲ့တာပါ။

ဖမ်းဆီးခံရသူဟာ အသက်(၃၀)အရွယ် ကျော်ဇင်(ခ)ဝတုတ်​ဆိုသူ ဖြစ်တယ်လို့ သိရပါတယ်။

မနေ့ မတ် ၁၃ရက်နေ့ မနက်ပိုင်းကလည်း ညောင်တုန်းမြို့က အိမ်တစ်လုံးကို ဒိုင်းကာလုပ်ပေးတယ်လို့ဆိုပြီး စစ်တပ်က ကား၂စီးနဲ့ ဝင်ရောက်ရှာဖွေကာ အသက်၇၀အရွယ် အမျိုးသမီးတစ်ဦးကို ဖမ်းဆီးသွားခဲ့ပါသေးတယ်။

#VoiceOfMyanmar #VOM #ဖျာပုံ #ဝပ်ရှော့လုပ်သား #ဖမ်းဆီးခံရ

Related posts

Leave a Comment

VOM News

FREE
VIEW