ကြိုပင်ကောက်မှာ တပ်နဲ့ရဲက ပစ်ခတ်ဖြိုခွဲလို့ လူတစ်ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရ

မတ် ၁၅ -၂၀၂၁
KLY(VOM)

ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ်မှာ ဒီကနေ့မနက်၁၀
နာရီခန့်က ဆန္ဒပြသူတွေကို ပစ်ခတ်ဖြိုခွဲရာ အမျိုးသားတစ်ဦး သေနတ်ကျည်ဆန်ထိမှန်ပြီး သေဆုံးခဲ့ရတယ်လို့ ‌ကြို့ပင်ကောက်မြို့ခံတွေကနေ သိရတယ်။

” အခုဆုံးသွားတဲ့ အကိုက ခြံသာယာရပ်ကွက်ကပါ။ မနက် ဆယ်နာရီကျော်ခန့်မှာ နာရီစင်နားက သပိတ်စစ်ကြောင်းကို ပစ်ခတ်ဖြိုခွင်းခံရတုန်း ကျဆုံးသွားတာပါ”လို့ ကြို့ပင်ကောက်မြို့ခံ CSOတစ်ဦးက ပြောပါတယ်။

သေဆုံးသွားသူဟာ ခြံသာယာရပ်ကွက်မှာနေတဲ့ အသက် ၃၀အရွယ် ကိုကျော်သူဝင်းဆိုသူ ဖြစ်ပြီး ဒေသခံအချို့ စုံစမ်းသိရှိရတဲ့ အချက်အလက်တွေအရ ကြို့ပင်ကောက်မြို့မှာ သေနတ်ကျည်ဆန်ထိမှန်ဒဏ်ရာရှိထားသူ ၄ ဦးရှိခဲ့တယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ကြို့ပင်ကောက် #ပစ်ခတ်ဖြိုခွင်း #လူတစ်ဦးသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW