ဒီပဲယင်းမြို့နယ်ပညာရေးမှူးရုံး မီးလောင်

မတ် ၁၅ -၂၀၂၁
Vouce Of Myanmar

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ပညာရေးမှူးရုံးမှာ မနေ့ မတ်လ ၁၄ရက် ည၁၁နာရီ ၄၅အချိန်က မီးရှို့လောင်မှု ဖြစ်ပွားခဲ့တယ်လို့ ရွှေဘိုခရိုင် မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။

မီးလောင်မှုဟာ မြို့နယ်ပညာရေးမှူးရုံး နေအိမ်လိုင်းခန်းကို လူတစ်စုက မီးရှို့ရာကနေ မီးစတင်လောင်ကျွမ်းခဲ့တာ ဖြစ်တယ်လို့ မီးသတ်ဦးစီးဌာနကနေ သုံးသပ်ထားပါတယ်။

မီးလောင်မှုကြောင့် (၄၅×၁၈×၂၀)ပေ သွပ်မိုး၊ နံကပ်၊ကွန်ကရစ်ခင်း ရုံးခန်း အဆောက်အဦရဲ့ တံခါးပေါက် ၉ပေါက်၊ ကျည်းခွေနဲ့ မျက်နှာကြပ်များ၊ ရုံးခန်း ၇ ခန်းအတွင်းရှိ ကွန်ပျူတာ၊ ပရင်တာ၊ မိတ္ထူကူးစက်၊ ပန်ကာ၊ ဗီဒို၊ ပရိုဂျက်တာ၊ ဆက်တီခုံ၊ စားပွဲခုံနဲ့ လက်ပ်တော့များ မီးလောင်ကျွမ်းခဲ့ပြီး လက်ရှိအချိန်ထိ မီးလောင်ဆုံးရှုံးမှုကို တွက်ချက်နေဆဲ ဖြစ်ပါတယ်။

ဒီပဲယင်းမြို့နယ်ပညာရေးမှူးရုံး မီးရှို့သွားသူကို ဒီပဲယင်းမြို့မရဲစခန်းက (ပ)၃၃/၂၀၂၁၊ ပြစ်မှုပုဒ်မ-၄၃၆နဲ့ အမှုဖွင့်အရေးယူကာ တရားခံဖမ်းဆီးရမိရေးဆောင်ရွက်နေတယ်လို့ ရွှေဘိုခရိုင်မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။

#voiceofmyanmar #VOM #ဒီပဲယင်း #မြို့နယ်ပညာရေးမှူးရုံး #မီးရှို့ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW