ရုပ်အလောင်းမပါဘဲ ပြုလုပ်ခဲ့ရတဲ့ မန္တလေးမြို့က နာရေးအခမ်းအနား

မတ် ၁၅ -၂၀၂၁
Photo – KKTH

မန္တလေးမြို့၊ လမ်း၉၀ ၃၁လမ်းနဲ့ ၃၂လမ်းကြားမှာ မတ်လ ၁၁ရက်နေ့ ပစ်ခတ်မှုဖြစ်စဥ်အတွင်း သေဆုံးသွားတဲ့ အသက် ၁၉နှစ်အရွယ် ရတနာပုံတက္ကသိုလ်ကျောင်းသား ကိုလင်းထက်ရဲ့ နာရေးအခမ်းအနားကို ဒီကနေ့ပိုင်းက ရုပ်အလောင်းမပါဘဲ အေးရိပ်ငြိမ်သုဿာန်မှာ ပြုလုပ်ခဲ့ပါတယ်။

သေဆုံးသူ ရုပ်အလောင်းကို ရဲနဲ့စစ်တပ်က သေဆုံးမှုဖြစ်စဥ်နေရာမှာပဲ သယ်ဆောင်သွားပြီး သင်္ဂြိုလ်လိုက်တာဖြစ်တဲ့အတွက် မိသားစု၀င်တွေဟာ ရုပ်အလောင်းမပါဘဲ နေအိမ်ကနေ သုဿာန်အထိ နာရေးအခမ်းအနားကို ပြုလုပ်ခဲ့ရတာပဲ ဖြစ်ပါတယ်။

#voiceofmyanmar #VOM #မန္တလေး #ရုပ်အလောင်းမပါ #နာရေးအခမ်းအနား

Related posts

Leave a Comment

VOM News

FREE
VIEW