မတ် ၁၅ ရက်နေ့မြင်းခြံသပိတ်မှာ အမျိုးသမီးတစ်ဦး အပါအဝင် ၆ ဦးကျဆုံး

မြင်းခြံ-မတ် ၁၆-၂၀၂၁
VOM(TG)

မတ်လ ၁၅ ရက်နေ့ မြင်းခြံမြို့ သပိတ်ဖြိုခွဲခံရမှုမှာ လူ ၆ ဦး ကျဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။

၄ ဦးကတော့အကြမ်းဖက်ဖြိုခွဲမှုမှာပဲ ကျည်ထိမှန်သေဆုံးခဲ့တာဖြစ်ပြီး ၊ ၂ ဦးကတော့ ဖမ်းဆီးခံရပြီးနောက်မှ သေဆုံးခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။

” ၂ ယောက်ကို ညဘက်မှာ သူတိူ့အလောင်းလာပို့လို့ မြင်းခြံက ပစ်ခတ်မှုအပြီး ၆ ယောက်သေဆုံးတယ်။ ညကအလောင်းလာပို့တဲ့ ၂ ယောက်ဆိုရင်ဒါဏ်ရာအပြင်းအထန်ရပြီး သူတို့က အချုပ်ကားပေါ်စွဲတင်သွားတာ။ ညဘက်ရောက်တော့ သူတို့ အလောင်းပြန်ပို့တယ်။ စပစ်တာက မနက်ခင်း ၉ နာရီကျော်လောက်က စပစ်တယ်။ ၁၁ လောက်မှာခဏနားတယ်။ပြီးတော့ နောက်တစ်နေရာရွှေမြှင်ဘုရားနားမှာထပ်ပစ်တယ်။လူနာတင်ကားကိုလည်း တခုခုလှုပ်တာနဲ့ပစ်မယ်ဆိုတာတွေလုပ်တယ်။”လို့ မြင်းခြံဒေသခံဆန္ဒပြရာမှာပါသူတစ်ဦးက ပြောပါတယ် ။

သေဆုံးသူ ၆ ဦးထဲမှာ အမျိုးသမီးလူငယ်တစ်ဦးနဲ့ အမျိုးသား ၅ ဦးပါဝင်ပြီး နာမည်တွေကတော့ပန်းမြတ်ခြယ်(ခ)ဆိုမိုင်ယာဘီဘီ
၊ဦးလှစိုး၊အောင်ကျော်ဇော၊
မောင်ရန်မျိုးအောင်၊မောင်အောင်မျိုးဇော်၊
မောင်တင်ထွန်းအောင်တို့ ဖြစ်တယ်လို့ သိရပါတယ် ။

မြင်းခြံမြို့ ရဲ့ မတ်လ ၁၅ ရက်နေ့ အကြမ်းဖက် ဖြိုခွဲခံရမှုမှာ ကျဆုံးခဲ့သူ ၆ ဦးအပြင် ဒဏ်ရာရခဲ့သူတွေလည်း ၂၀ ကျော်လောက် ရှိခဲ့တယ် လို့သိရပါတယ်။

ပြီးခဲ့တဲ့ ရက်တွေကလည်း မြင်းခြံ မြို့ အကြမ်းဖက်ပစ်ခတ်ဖြိုခွဲမှုတွေကြောင့် အသက်ဆုံးရှုံးခဲ့ရသူတွေရှိထားပါတယ်။

#voiceofmyanmar #VOM #မြင်းခြံ

Related posts

Leave a Comment

VOM News

FREE
VIEW