CDM လုပ်တဲ့ ကြံခင်းက ရဲညီအစ်ကိုနှစ်ဦး ထောင်ဒဏ်တစ်နှစ်စီ ချမှတ်ခံရ

မတ် ၁၆-၂၀၂၁
KA

စစ်အာဏာရှင်ကို ဆန့်ကျင်တယ်ဆိုပြီး လူမှုကွန်ယက်မှာတင်ခဲ့လို့ ဖမ်းဆီးခံထားရတဲ့ ကြံခင်းမြို့က ရဲတပ်ဖွဲ့၀င်ညီအစ်ကို ၂ ဦးကို ထောင်ဒဏ်တစ်နှစ်စီ ချလိုက်တယ်လို့ ဖခင်ဖြစ်သူ ဦးသန့်စင်က ပြောပါတယ်။

“အသိရဲတစ်ယောက်က ဖုန်းဆက်ပြောတာပါ။ ရဲစည်းကမ်းဥပဒေနဲ့ ထောင်တစ်နှစ်ဆီချပြီး မနေ့ကပုသိမ်ထောင်ကို ပို့လိုက်ပြီလို့ ပြောပါတယ်။ ကြံခင်းမြို့မစခန်းကိုလှမ်းမေးတော့ စခန်းမှုးကအတည်ပြုပါတယ်”လို့ သူကပြောပါတယ်။

အဲ့ဒီ ရဲညီအကိုနှစ်ဦးကို ဖေဖော်ဝါရီ ၃ရက်နေ့က ဖမ်းဆီးခဲ့တာဖြစ်ပြီး ခုချိန်ထိ မိသားစု၀င်တွေနဲ့ တွေ့ခွင့်မရသေးတာဖြစ်ပါတယ်။

သားအကြီးဖြစ်တဲ့ ရဲတပ်သား သူရိန်လင်းက ရဲလုပ်သက် ၇ နှစ်ရှိနေပြီး သားအငယ်ရဲဒုတပ်ကြပ် တာရာလင်းက ရဲလုပ်သက် ၄ နှစ်ရှိနေဖြစ်ကာ ရခိုင်ပြည်နယ်က တိုက်ပွဲတစ်ခုမှာ နိုင်ငံတော်က ဒုတပ်ကြပ်ရာထူး ချီးမြှင့်ခံခဲ့ရသူတွေလို့ သိရပါတယ်။

#VoiceOfMyanmar #VOM #ကြံခင်း #ရဲညီအကို #ထောင်ကျ #CDM

Related posts

Leave a Comment

VOM News

FREE
VIEW