ကလေးမြို့ သပိတ်စစ်ကြောင်း ဖြိုခွင်းခံရပြီး သေဆုံးသူ ၄ ဦးနဲ့  ဒဏ်ရာရသူ အများအပြားရှိ 

ကလေး-မတ်-၁၇-၂၀၂၁

သိမ်မွေ့ကဗျာ

ကလေးမြို့မှာ တာဟန်းသပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြနေစဉ် မြို့လှရပ်ကွက်ထဲအရောက် ၁၀ နာရီ ၁၀ မိနစ်ဝန်းကျင်မှာ ရဲနဲ့စစ်တပ်တွေဟာ ပတ်ပတ်လည် ဝိုင်းဝန်းပိတ်ဆို့ထားခဲ့ပြီး အသံဗုံး၊ ရာဘာကျည်၊ ကျည်အစစ်တွေနဲ့ ပစ်ခတ်မှုကြောင့် အမျိုးသား ၄ဦး သေဆုံးကာ စိုးရိမ်ရသူတွေအပါအဝင်  ဒဏ်ရာရရှိသူတွေ အများအပြားရှိခဲ့သလို   ဖမ်းဆီးခံရသူလည်း အနည်းဆုံး ၁၀ ဦးရှိတယ်လို့  ဒေသခံတွေဆီက သိရပါတယ်။

 

ကလေးမြို့ သပိတ်စစ်ကြောင်း ဖြိုခွင်းခံရပြီး သေဆုံးသူ ၄ ဦးနဲ့  ဒဏ်ရာရသူ အများအပြားရှိ

သေဆုံးသူတွေထဲမှာ အသက် ၂၅ နှစ်အရွယ် ဆလိုင်းကျုံးလျန်ကျဲအို၊ ကလေး ၃ ဦးဖခင် အသက် ၂၇ နှစ်အရွယ် ဦးကျင်ခန့်မာန်အပါအဝင် ယနေ့ ညနေ  ၄ နာရီလောက်မှာ ချင်းတောင်တန်းကားဂိတ်အနီးမှာလည်း  ထပ်မံပစ်ခတ်မှုကြောင့် နောက်ထပ် အမျိုးသားနှစ်ဦး သေဆုံးပြီး စိုးရိမ်ရသူ ၄ ဦးရှိကာ ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိနေဆဲဖြစ်တယ်လို့ မျက်မြင်တစ်ဦးကအတည်ပြုပါတယ်။ သေဆုံးသူ နောက်၂ဦးရဲ့ နာမည်ကိုတော့ VOM စုံစမ်းနေဆဲဖြစ်ပါတယ်။

 

ကလေးမြို့မှာ ယနေ့ ညနေ ၅ နာရီခွဲအထိ စုံစမ်းသိရသလောက် အမျိုးသား ၄ ဦး သေဆုံးခဲ့သလို သေဆုံးသူတွေအားလုံးဟာ ချင်းအမျိုးသားတွေဖြစ်ပြီး စိုးရိမ်ရသူတွေအပါအဝင် ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ၅ ဦးထက်မနည်းရှိနေတယ်လို့  သိရပါတယ်။

 

မတ်လ ၃ ရက်နေ့ကလည်း ကလေးမြို့မှာ မောင်ဇင်မျိုးမောင် အသက် ၁၈ နှစ်အရွယ်တယောက် သေဆုံးခဲ့ပါသေးတယ်။

 

#voiceofmyanmar #VOM #ကလေးမြို့ကလူသေဆုံးမှု

 

 

Related posts

Leave a Comment

VOM News

FREE
VIEW