ကောလင်းမြို့နယ်မှာ ရဲကင်းစခန်းကို ဝင်စီးလို့ ရဲတချို့ဒဏ်ရာရပြီး ထွက်ပြေးတိမ်းရှောင်

မတ် ၁၇ ၊ ၂၀၂၁
KTG(VOM)

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် ခံသာကျေးရွာ ခံသာရဲကင်းစခန်းကို မနေ့ မတ် ၁၆ ရက် နေ့ခင်း ၁ နာရီမှာ လူအင်အား ၃ ရာလောက်ရှိတဲ့ လူစုလူဝေးက ဝင်ရောက်စီးနင်းခဲ့တာကြောင့် ရဲတပ်ဝင်တချို့ ဒဏ်ရာရရှိပြီး ထွက်ပြေးတိမ်းရှောင်ခဲ့တယ်လို့ ခံသာကျေးရွာခံ မျက်မြင်တွေ့သူတစ်ဦးဆီက သိရပါတယ်။

“မနက်ပိုင်းက ကောလင်းမြို့ပေါ်မှာ ဆန္ဒပြ သပိတ်အဖွဲ့ကို ပစ်ခတ်တာတွေဖြစ်တယ် ၊ အဲ့ဒီ ပစ်ခတ်မှုမှာ ခံသာရဲကင်းစခန်းက ရဲတပ်ဖွဲ့ဝင် ကျော်ဇေလင်း ပါတယ်ဆိုပြီး အထင်နဲ့ လူတွေက အဲ့ဒီ ရဲကင်းစခန်းကို ဝင်ရောက်စီးနင်းကြတာဖြစ်တယ်” လို့ ခံသာကျေးရွာဒေသခံ တစ်ယောက်က VOM ကိုပြောပါတယ်။

အဲ့ဒီ ရဲကင်းစခန်းကို လူစုလူဝေးက ဝင်ရောက်စီးနင်းတဲ့ဖြစ်စဥ်ကြောင့် ယာယီခေတ္တ ရဲကင်းမှူး ရဲတပ်ကြပ်ကြီး စိန်လှဆိုသူမှာ ဦးခေါင်းပေါက်ပြဲ ဒဏ်ရာရရှိပြီး ရဲဒုတပ်ကြပ် ကျော်ဇေလင်းဆိုသူကိုတော့ လူစု လူဝေးက ဖမ်းဆီးခေါ်ဆောင်သွားကာ ရဲတပ်သား ပိုင်ဇေထွန်း ဆိုသူကတော့ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

ပုံစာ – ရဲကင်းဝင်စီးခံရပြီးနောက် ရောက်လာတဲ့ ရဲတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်

#VoiceOfMyanmar #VOM #ကောလင်းမြို့နယ် #ခံသာကျေးရာ #ရဲကင်းစခန်း #ဝင်စီး

Related posts

Leave a Comment

VOM News

FREE
VIEW