ချောင်းဦး ညသပိတ်ဖြိုခွဲရာမှာ သေနတ်ထိမှန်လို့ ဒဏ်ရာရသူတွေနဲ့ သေဆုံးတာတွေရှိ

မတ် ၁၇-၂၀၂၁
KTG(VOM)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့၊ ချောင်းဦးတောင်ရပ်ကွက်၊ အုတ်ကျောင်းလမ်း၊ အုတ်ကျောင်းရှေ့နေရာမှာ မနေ့ မတ် ၁၆ ရက်ည ၇ နာရီက ဆန္ဒပြညသပိတ် ကို ရဲနဲ့စစ်တပ်ပါဝင်တဲ့ လုံခြုံရေးအဖွဲ့က ဖြိုခွဲရာမှာ သေနတ်ထိမှန် ဒဏ်ရာရ သေဆုံးသူတွေ ရှိခဲ့တယ်လို့ ချောင်းဦးမြို့ခံဆီကနေ သိရပါတယ်။

“ဦးခေါင်း သေနတ်ထိမှန် ဒဏ်ရာနဲ့ ကိုကျော်ခိုင် အသက် (၄၅) နှစ်ကတော့ နေရာမှာတင် ကျဆုံးခဲ့တယ် ၊သေနတ်ထိမှန် ဒဏ်ရာရ ၂ ဦးရှိတယ် ၊ ရိုက်နှက်ခံရသူကတော့ လေးငါး​ယောက်ထက်မနည်းရှိတာ”လို့ ချောင်းဦးမြို့ခံ တစ်ယောက်က VOM ကိုပြောပါတယ်။

ဆန္ဒပြ ဆီမီးထွန်း ညသပိတ်နဲ့ ပတ်သက်လို့ ချောင်းဦးတောင် ရဲလှေရပ်ကွက်ထဲက ကိုကျော်ရဲအောင်၊ငချစ်(ခ)ကိုကိုချစ်နဲ့ ကိုမြင့်ကျော်စိုး ၃ ဦးကို လုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ည ၁၂ နာရီ အချိန်မှာ မြို့နယ်ထွေအုပ် ခံဝန်ဖြင့် ပြန်လည်လွတ်ပေးခဲ့တယ်လို့ သိရပါတယ်။

#VoiceOfMyanmar #VOM #ချောင်းဦး #ညသပိတ် #ဖြိုခွဲ #သေဆုံး #ဒဏ်ရာရ

Related posts

Leave a Comment

VOM News

FREE
VIEW