စစ်ဘေးနဲ့ မီးဘေးဒုက္ခအတွင်းက ရခိုင်စစ်ဘေးရှောင်တွေ

မတ် ၁၈- ၂၀၂၁
ထက်အောင်စိုင်း (VOM)

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်၊ တိမ်ည်ိုစစ်ဘေးရှောင်စခန်း မနေ့ မတ် ၁၇ ရက်နေ့ ညပိုင်း ၈ နာရီကျော်လောက်က မီးလောင်မှုဖြစ်ပြီးနောက် ဒီကနေ့မနက်ပိုင်းတွေ့ရတဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။

မနေ့ မတ်လ ၁၇ရက်ညပိုင်းက စစ်ရှောင်စခန်းမီလောင်တာကြောင့် စစ်ဘေးရှောင်တွေခိုလုံဖို့ နေရာအခက်အခဲနဲ့ ရင်ဆိုင်နေရပြီး မနေ့ညပိုင်းကလည်း စစ်ဘေးရှောင်တွေဟာ အဝေးပြေးလမ်းဘေးတွေမှာ နေခဲ့ရတယ်လို့ မြောက်ဦးဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

မနေ့က မီးလောင်မှုအတွင်း ပျောက်ဆုံးသွားတဲ့ ကလေး (၃) ဦးကို လူအုပ်ကြားထဲက ပြန်လည်တွေ့ရှိကြောင်းနဲ့ ဖြစ်စဥ်အတွင်း ဒဏ်ရာအနည်းငယ်ရသူ (၂) ဦးရှိ​တယ်လို့ သိရပါတယ်။

တိမ်ညိုစစ်ဘေးရှောင်စခန်းမှာ အိမ်ထောင်စု ( ၈၇၅ )စု ရှိပြီး မီးလောင်သွားတဲ့အိမ် ( ၆၆၃ ) အိမ်ရှိပါတယ်။

စစ်ရှောင်စခန်းရှိ စုစုပေါင်းလူဦးရေကတော့ ( ၃၃၅၅ ) ဦးရှိပြီး စစ်ဘေးအပြင် မီးဘေးကြောင့် အိုးအိမ်ပစ္စည်းတွေ ဆုံးရှုံးနစ်နာသူ လူဦးရေ( ၂၅၆၅ ) ဦး ရှိတယ်လို့ စခန်းတာဝန်ခံတွေရဲ့ စာရင်းတွေအရ သိရပါတယ်။

လက်ရှိမှာ စစ်ဘေးရော၊ မီးဘေးပါကြုံနေရတဲ့ ရခိုင်ဒုက္ခသည်တွေအတွက် ခိုလုံရာနဲ့ စားဝတ်နေရေးအကူအညီတွေလိုအပ်နေ​တယ်လို့ သိရပါတယ်။

Photo- ခိုင်မင်းသျှင်
#voiceofmyanmar #VOM #ရခိုင် #စစ်ရှောင်စခန်း #မီးလောင်မှု

Related posts

Leave a Comment

VOM News

FREE
VIEW