လွိုင်ကော်သပိတ် ပစ်ခတ်ဖြိုခွဲခံရပြီး သူနာပြုဆရာမတစ်ဦး ပေါင်ထုတ်ချင်းပေါက် ထိမှန်ဒဏ်ရာရ

မတ် ၁၈-၂၀၂၁
KLY(VOM)

ကယားပြည်နယ် လွိုင်ကော်မြို့နယ်မှာ ဒီနေ့ မတ် ၁၉ရက်မနက် ၁၁ နာရီလောက်က မှိုင်းလုံးရပ် သပိတ်စစ်ကြောင်းကို တပ်နဲ့ရဲကပစ်ခတ်ဖြိုခွဲခဲ့လို့ သူနာပြုဆရာမတစ်ဦး ပေါင်ကိုထုတ်ချင်းပေါက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ လွိုင်ကော်သပိတ်ကော်မတီကနေ သိရပါတယ်။

“ဆယ့်တစ်နာရီလောက်မှာစပြီး ပစ်ခတ်ဖြိုခွင်းတာတွေလုပ်တယ်။ ကနေ့ကစစ်ကြောင်းတွေ ပေါင်းမိသလိုဖြစ်ပြီး အင်အား ၃၀၀၀ လောက်ရှိတယ်။ ပေါင်ကိုထိမှန်တဲ့ ဆရာမလေးကို ပြင်ပဆေးခန်းတစ်ခုမှာ ကုသပြီးကျည်အစစ်ထုတ်ယူနိုင်ခဲ့ပါပြီ” လို့ သပိတ်ကော်မတီမှ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

မနက် ၁၁ နာရီလောက်က စတင်ပြီး တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက စက်ယန္တရားတွေနဲ့ အတားဆီးတွေကို စတင်ဖယ်ရှားရှင်းလင်းပြီး မကြာခင် သေနတ်‌ကျည်ဆံအစစ်တွေနဲ့ ပစ်ခတ်ဖြိုခွဲခဲ့တာဖြစ်ပါတယ်။

ချိကယ်ရပ်သပိတ်စစ်ကြောင်းကိုလည်း ပစ်ခတ်ဖြိုခွင်းခဲ့လို့ ဖမ်းဆီးခံရသူ နှစ်ဦးလောက် ရှိတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

ဓါတ်ပုံ-pkpf

#VoiceOfMyanmar #VOM #လွိုင်ကော် #သပိတ်စစ်ကြောင်း #ဖြိုခွဲ #ဒဏ်ရာရ #သူနာပြုဆရာမ

Related posts

Leave a Comment

VOM News

FREE
VIEW