အိန္ဒိယရောက် မြန်မာတွေကို ကူညီထောက်ပံ့ဖို့ အိန္ဒိယ အနုပညာရှင်တွေ ရန်ပုံငွေရှာ

မတ် ၂၁ -၂၀၂၁
ကိုတိုးကြီး(VOM)

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ လဆန်းပိုင်း အချိန်ကစလို့ အိန္ဒိယနိုင်ငံ မီဇိုရမ်းပြည်နယ် အိုက်ဇောမြို့ကို ခိုလှုံနေထိုင်ဖို့ ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို ကူညီထောက်ပံ့ဖို့ အစီအစဥ် တစ်ရပ်အနေနဲ့ အိန္ဒိယ အနုပညာရှင်တွေက မနေ့ မတ် ၂၀ ရက်နေ့မှာ ရန်ပုံငွေ ရှာဖွေပေးခဲ့ပါတယ်။

မီဇိုရမ်းပြည်နယ် အိုက်ဇောမြို့ရဲ့ မတူကွဲပြားတဲ့နေရာတွေမှာ အနုပညာရှင်တွေက Mobile Charity Concert ဖျော်ဖြေမှုတွေပြုလုပ်ပြီး ရံပုံငွေ ရှာဖွေခဲ့ကြတာ ဖြစ်ပါတယ်။

လူသားချင်း စာနာထောက်မှုနဲ့ ကူညီပေးခဲ့ကြတဲ့ အတွက် မနေ့ စနေနေ့တစ်ရက်ထဲမှာ ရန်ပုံငွေ ၅ သိန်း ၊ ၁ သောင်း ၊ ၉ ရာ ၊ ၉ ရူပီး ရရှိခဲ့ပါတယ်။

အဲ့ဒီ ဒေသကို ခိုလှုံနေထိုင်ဖို့ ဝင်ရောက်လာတဲ့ အလွှာအတန်း မျိုးစုံက မြန်မာနိုင်ငံသား ၅၀၀ နီးပါးရှိနေပြီး သူတို့ကို မီဇိုရမ်း ပြည်နယ် အစိုးရအဖွဲ့က လတ်တလော ကူညီစောင့်ရှောက်ပေးထားရတာ ဖြစ်ပါတယ်။
Photo by -David Z Hmar

#VoiceOfMyanmar #VOM #အိန္ဒိယရောက်မြန်မာ #ရန်ပုံငွေရှာ

Related posts

Leave a Comment

VOM News

FREE
VIEW