ကောလင်းမြို့က CDM မီးရတားဝန်ထမ်းတွေ နေအိမ်လိုင်းခန်းကနေ နေ့ချင်းပြီး ဖယ်ရှာပေးရ

မတ် ၂၂ ၊ ၂၀၂၁
Voice Of Myanmar

မြန်မာနိုင်ငံ မြောက်ပိုင်းဒေသရဲ့ ရထားပို့ဆောင်ရေး လုပ်ငန်းတွေမှာ အချက်အခြာကြတဲ့ စစ်ကိုင်းတိုင်း ကောလင်းမြို့မှာ တာဝန်ထမ်းဆောင်နေတဲ့ မီးရထားဝန်ထမ်းတွေဟာ မနေ့ မတ် ၂၂ ရက်စလို့ CDM မှာ ပါဝင်ခဲ့တဲ့အတွက် ဝန်ထမ်းနေအိမ်လိုင်းခန်းတွေကနေ လုံခြုံရေးတပ်ဖွဲ့တွေက စတင်ဖယ်ရှားနေပြီလို့ သိရပါတယ်။

နေအိမ်လိုင်းခန်း ဖယ်ရှားခြင်းခံရသူ ဝန်ထမ်းမိသားစု တစ်ယောက်က ” အမျိုးသားက ဝန်ထမ်း လုပ်သက် ၁၈ နှစ်ရှိပြီ ၊ ဇာတိက မန္တလေးဘက်ကဖြစ်တယ် ၊ မိသားစုက ၇ ယောက်ဆိုတော့ ရတဲ့ လစာနဲ့ ဘာမှ အဖတ်မတင်ဘူး ၊ နေစရာ အိမ်ပိုင်ဝန်းပိုင်မရှိပေမယ့် အဆင်​ပေမယ့်နေရာ တခုကို အခုပြောင်းရွှေ့နေပြီ ” လို့ ပြောပါတယ်။

ကချင်ပြည်နယ်ရဲ့ ကုန်းလမ်းဆက်သွယ်ရေး အဓိက အားထားရာဖြစ်တဲ့ မန္တလေး – မြစ်ကြီးနား မီးရထားလမ်းပိုင်းဟာ အချက်အခြာကြတဲ့အတွက် မီးရထားဝန်ထမ်း ရာနဲ့ချီပြီး တာဝန်ထမ်းဆောင်နေရတဲ့ နေရာတစ်ခုဖြစ်ပါတယ်။

” ဖယ်ရှားခံရတဲ့ အိမ်ထောင်မိသားစု အရေအတွက်က ရာဂဏန်းလောက်ထိရှိတယ် ၊အတိအကျပြောဖို့ ခက်တယ် ၊ဝန်ထမ်းအားလုံးနီးပါတော့ ရွှေ့ပြောင်းနေကြတာပဲ “လို့ ကောလင်းဘူတာရှိ အမည်မဖော်လိုတဲ့ ရထားဝန်ထမ်း တစ်ယောက်ကပြောပါတယ်။

အခုလ ၂၀ ရက်စလို့ လုံခြုံရေးတပ်ဖွဲ့တွေဟာ အဲ့ဒီ ရထားဝန်ထမ်းအိမ်ယာလိုင်းခန်းတွေဆီကိုလာပြီး ဆက်လက်တာဝန်ထမ်းဆောင်မှာလား တာဝန်မထမ်းဆောင်တော့ဘူး ဆိုရင် ဝန်ထမ်းသစ် ခန့်အပ်တာဝန်ပေးရမှာဖြစ်တဲ့အတွက် နေအိမ်လိုင်းခန်း ဖယ်ရှားပေးရမယ်လို့ ဖိအားပေးပြောဆိုတာတွေရှိပါတယ်။

ဒါ့အပြင် နေ့စား ရထားဝန်ထမ်း ၁ ဦး အပါအဝင် ဝန်ထမ်း ၃ ဦးကိုလည် ဖမ်းဆီး စစ်ဆေးနေတာတွေရှိတယ်လို့ ရထားဝန်ထမ်းရပ်ကွက်ကနေ သိရပါတယ်။

ပုံစာ – ကောလင်းရထားဝန်ထမ်းများ နေအိမ်လိုင်းခန်း ဖယ်ရှားပေးနေပုံ

#voiceofmyanmar #VOM #ကောလင်းမီးရထား #CDM

Related posts

Leave a Comment

VOM News

FREE
VIEW