တံတားဦးမြို့နယ် ပညာရေးစွမ်းဆောင်ရည်မြင့်မားမှုသင်တန်း ပြုလုပ်တဲ့နေရာအနီး ပေါက်ကွဲမှုဖြစ်

မတ် ၊ ၂၂ -၂၀၂၁
ကိုတိုးကြီး(VOM)

မန္တလေးတိုင်း၊ တံတားဦးမြို့၊ စိတ္တမဟီရပ်ကွက်မှာ ပညာရေးဝန်ထမ်းတွေကို သင်ကြားပို့ချပေးနေတဲ့ ပညာရေးစွမ်းဆောင်ရည် မြင့်မားမှု သင်တန်းပို့ချတဲ့ နေရာအနီးမှာ ဒီကနေ့ မတ် ၂၂ ရက် မနက် ၈ နာရီက ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။

” ပညာရေးဝန်ထမ်းတွေကို ပို့ချပေးနေတဲ့ သင်တန်းနေရာ ဝန်းကျင်မှာ ပေါက်ကွဲတာပါ “လို့ တံတားဦးမြို့ခံတစ်ယောက်က VOM ကိုပြောပါတယ်။

အဲ့ဒီ ပေါက်ကွဲမှု ဖြစ်ပေါ်စေဖို့အတွက် လူ ၂ ဦးက ဆိုင်ကယ်ဖြင့် လာရောက်ပြီး ပစ်ပေါက်ဖောက်ခွဲခဲ့တာဖြစ်တဲ့အတွက် လုံခြုံရေးတပ်ဖွဲ့က လိုက်လံဖမ်းဆီးခဲ့ရာ လူ ၁ ဦး ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။

ပေါက်ကွဲမှုဖြစ်စဥ်နဲ့ ပတ်သက်လို့ လုံခြုံရေးအဖွဲ့က စစ်ဆေးဆောင်ရွက်တဲ့အခါ ဖျက်အားပြင်း မိုင်းအမျိုးအစားမဟုတ်ဘဲ အသံမိုင်းဖြစ်တဲ့အတွက် ထိခိုက်ပျက်စီးတာတွေ မရှိသလို ဒဏ်ရာရ သေဆုံးတာတွေလည် မရှိဘူးလို့ သိရပါတယ်။

တံတားဦးမြို့နယ် ပညာရေးမှူးရုံးကဖွင့်လှစ်တဲ့ ပညာရေးစွမ်းဆောင်ရည် မြှင့်မားမှုသင်တန်းကို တက်ရောက်နေတဲ့ ကျောင်းအုပ်ရာထူးအဆင့်ရှိတဲ့ ပညာရေးဝန်ထမ်းတစ်ယောက်က ” ပေါက်ကွဲတဲ့ ကိစ္စနဲ့ ပတ်သက်လို့ သင်တန်းပိုင်းဆိုင်ရာ ထိခိုက်မှုမရှိဘူး ၊ စံကိုက်အင်အား အတိုင်းတော့ သင်တန်းသား မဖြစ်လည်း သင်တန်းကတော့ သွားနေတာပဲ ” လို့ ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီပေါက်ကွဲမှုကြောင့် ဒီမနက်ကစလို့ လုံခြုံရေးတိုးမြှင့်ချထားတာကို ဒေသခံပြည်သူတွေက တွေ့မြင်နေရတယ်လို့ သိရပါတယ်။

ပုံစာ – ပေါက်ကွဲနေရာက တွေ့ရတဲ့ ဆက်စပ်ပစ္စည်းများ
#voiceofmyanmar #VOM #တံတားဦး #ပညာရေးစွမ်းဆောင်မှုသင်တန်း #ပေါက်ကွဲမှုဖြစ်

Related posts

Leave a Comment

VOM News

FREE
VIEW