ပဲခူးမှာ ကျဆုံးခဲ့သူ အဝတ်လျှော်အမျိုးသမီးရဲ့လူမမယ်မိသားစုဝင်တွေအတွက် လှူဒါန်းငွေ ကျပ်သိန်းသုံးရာကျော် ရရှိထား

မတ် ၂၂-၂၀၂၁
KLY(VOM)

ပဲခူးတိုင်း ပဲခူးမြို့နယ်ထဲမှာမတ်လ ၁၄ ရက်နေ့က စစ်တပ်နဲ့ရဲရဲ့ ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ရတဲ့ အဝတ်လျှော်သည် အမျိုးသမီးရဲ့ကျန်ရစ်သူ လူမမယ် မိသားစုဝင် ၃ ဦးအတွက် အများပြည်သူလှူဒါန်းငွေ
ကျပ်သိန်းပေါင်း သုံးရာကျော်ရရှိထားတယ်လို့ မိသားစုကိုကူညီပေးနေသူဆီက သိရပါတယ်။

ကိုလေးနိုင်က “လတ်တစ်လောတွေးထားတာ သိန်း၇၀လောက်တန်တဲ့ အိမ်ခြံ ၃ ခုလောက်သူတို့နာမည်နဲ့ဝယ်ပေးထားရင် တစ်လနှစ်သိန်းလောက်ရမယ်။ဒါဆိုရေရှည်ရပ်တည်နိုင်သလို ပညာရေးအတွက်ကျန်ငွေကို တခြားလုပ်ကိုင်ပေးထားလို့ရမယ်မျှော်လင့်တယ်။ ဝိုင်းလည်းအကြံပေးကြပါ” လို့ ပြောပါတယ်။

ပဲခူးမြို့နယ်မှာ ဆန္ဒပြသူတွေကိုဖြိုခွဲချိန် သေနတ်ထိမှန်ဒဏ်ရာနဲ့ ကျဆုံးခဲ့ရတဲ့ အိန္ဒိယနွယ်ဖွား တမဲလ်အမျိုးသမီး ဒေါ်တင်တင်ဝင်း (ခ)မစန္ဒီးမား(၃၈ နှစ်)ဟာ အခင်းဖြစ်နေ့က အလုပ်သိမ်းပြီး ဘူတာဂုံးတံတားအောက် ဖြတ်လာချိန်သေနတ်ထိမှန်သေဆုံးခဲ့တာဖြစ်ပြီး မတ်လ၂၀ ရက်မှာဓလေ့ထုံးစံအတိုင်း မီးသင်္ဂြိုလ်ခဲ့ပြီးဖြစ်ပါတယ်။

လက်ရှိ ကျန်ရစ်တဲ့ သားသမီး သုံးဦးမှာ အသက် ၁၇ နှစ်အရွယ် မိန်းကလေးတစ်ဦး၊အသက် ၇ နှစ်အရွယ်နှစ်တန်းကျောင်းသားနဲ့ အသက် ၁၁ နှစ်အရွယ် လေးတန်းကျောင်းသူတို့ ဖြစ်ပြီး ပညာရေးအတွက် ဆက်လက်ကူညီပံ့ပိုးပေးသွားမယ်လို့ ကူညီနေသူတွေက ဆိုပါတယ်။

#VoiceOfMyanmar #VOM #ဒေါ်တင်တင်ဝင်း #စန္ဒီးမား #လှူဒါန်းငွေ

Related posts

Leave a Comment

VOM News

FREE
VIEW