မန္တလေးမှာ ညပိုင်းအချိန် ပစ်ခတ်မှုတွေကြောင့် လူ ၃ ဦးကျဆုံး

မန္တလေး၊ မတ် ၂၂- ၂၀၂၁
(VOICE OF MYANMAR)

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးပျော် ဘွယ်ရပ်ကွက်အတွင်းကို မတ်လ ၂၁ ရက်နေ့ညပိုင်းက ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် လူ ၃ ဦး ကျည်ဆံမှန်ပြီး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

ပြည်ကြီးပျော်ဘွယ်ရပ်ကွက်၊ စီယာတိုင် လ္ဘက်ရည်ဆိုင်မှာ အလုပ်လာရောက်လုပ် ကိုင်တာ ၂ ရက်သာရှိသေးတဲ့ ကိုဇော်မျိုးထက် ၊ အသက် ၁၆ နှစ်ကတော့ ဦးခေါင်းကို ကျည်ထိမှန်ပြီး ကျဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

နောက်ထပ်သေဆုံးသူကတော့ ပြည်ကြီးပျော်ဘွယ်ရပ် ကွက်မှာ နေထိုင်တဲ့ ကိုဇော်မျိုးဦး အသက်၄၄ နှစ်ရဲ့လည်ပင်းကို ကျည်ထိမှန်ပြီး ကျဆုံးခဲ့ရတာဖြစ်ပြီး ရုပ်အလောင်းက်ုတော့ ပြန်မရသေးဘူးလို့ သိရပါတယ်။

နောက်ထပ်တစ်ယောက်ကတော့ ပြည်ကြီးပျော်ဘွယ်ရပ်ကွက်မှာပဲ နေထိုင်တဲ့ အသက် ၄၃ နှစ်အရွယ် ကိုဖြိုးမောက်မောင်ဖြစ်ပြီး ညာဘက်ခြေထောက်ကို ကျည်ဆံထိမှန်ကာ ကျဆုံးခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

မနေ့ မတ်လ ၃ ရက်နေ့ နေ့လယ်ပိုင်းကလည်း မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက် ဖြိုခွင်းမှုဖြစ်စဥ်မှာ လူ ၁ ဦး ကျဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

#VOM #voiceofmyanmar #Mandalay #မန္တလေး #စစ်တပ် #ဖြိုခွင်း #ကျည်ဆန်ထိမှန် #ကျဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW