ရုံးတက်ဖို့ဖိအားပေးလို့ တိုင်းပညာရေး၀န်ထမ်းတွေ နုတ်ထွက်စာတင်

မတ် ၂၂-၂၀၂၁
KA

ဧရာ၀တီတိုင်းပညာရေးမှူးရုံးက ဆရာ၊ဆရာမတွေအပါအ၀င် ဝန်ထမ်း၄၀ဦးဟာ တာ၀န်ထမ်းဆောင်လိုခြင်း မရှိတော့လို့ဆိုပြီး မတ် ၂၂ ရက် ရက်စွဲနဲ့ နုတ်ထွက်စာတင်ခဲ့ပါတယ်။

ဒီနေ့ မတ် ၂၂ ရက် နောက်ဆုံးထားပြီး ရုံးနဲ့ ပညာရေးသင်တန်းတွေတက်ဖို့ ဖိအားပေးလာတာကြောင့် ခုလိုနုတ်ထွက်တာလို့ ပညာရေးရုံး၀န်ထမ်းတစ်ဦးက ပြောပါတယ်။

CDMလုပ်နေတဲ့သူတွေ နုတ်ထွက်စာတင်ကြတာဖြစ်ပြီး ရုံးမဖြစ်မနေပြန်တက်ဖို့နဲ့
ဌာနဆိုင်ရာစုံစမ်းစစ်ဆေးရေး ပြုလုပ်အရေးယူမယ်လို့ ခြိမ်းခြောက်မှုတွေရှိနေတယ်လို့လည်း သူကပြောပါတယ်။

နုတ်ထွက်စာတင်ခဲ့တဲ့ တိုင်းပညာရေးမှူးရုံးက ဝန်ထမ်း ၄၀ ဦးမှာ ဦးစီးမှူး၊ လက်ထောက် ဦးစီးမှူး၊ အကြီးတန်းစာရေး၊ အငယ်တန်းစာရေး စတဲ့ ရာထူးတာဝန်ယူထားရတဲ့ ဝန်ထမ်းတွေပါဝင်ပါတယ်။

#VoiceOfMyanmar #VOM #တိုင်ပညာရေးဝန်ထမ်း #နုတ်ထွက်

Related posts

Leave a Comment

VOM News

FREE
VIEW