ဖားကန့်မြို့၊မော်ဝမ်းသပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့ကလိုက်လံတားဆီးလို့ အေးချမ်းစွာလူစုခွဲ

ဖားကန့်၊မတ်လ-၂၃၊ရက်-၂၀၂၁
နောင်ရိုး

ဖားကန့်မြို့၊မော်ဝမ်းမှာ ဒီနေ့မတ်လ ၂၃ရက်ကလုပ်တဲ့ သပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့က လိုက်လံတားဆီးခဲ့တာကြောင့် ဆန္ဒပြသူတွေက ခေတ္တလူစုခွဲခဲ့ပြီးနောက်၊ထပ်လူပြန်စုကာ ဆန္ဒဖော်ထုတ်ကြွေးကြော်ခဲ့ပြီး လူစုခွဲခဲ့ပါတယ်။

အလားတူ ဖားကန့်မြို့၊အေးမြသာယာသပိတ်စစ်ကြောင်း၊ဆိပ်မူသပိတ်စစ်ကြောင်းကတော့ ကျေးရွာရပ်ကွက်တွေမှာဘဲ ဆန္ဒဖော်ထုတ်နေတယ်လို့ သိရပါတယ်။

ဖားကန့်ကျောက်စိမ်းမှော်ဒေသမှာ နေ့စဥ်ဆန္ဒဖော်ထုတ်နေရာ၊ ဖားကန့်မြို့ထဲကို ဝင်မလာစေဖို့ ရဲတပ်ဖွဲ့က နေရာအနှံ့ လမ်းတွေကို လိုက်လံပိတ်ဆို့ တားဆီးထားတာကို တွေ့ရပါတယ်။

#voiceofmyanmar #vom #ဖားကန့်

Related posts

Leave a Comment

VOM News

FREE
VIEW