သင်းကန်သစ်တောစခန်းက ဖမ်းဆီးထိန်းသိမ်းထားတဲ့ သက်သေခံပစ္စည်းတွေ လုယက်ခံရ

မတ် ၂၃ -၂၀၂၁
Voice Of Myanmar

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ မုံရွာ -ယာကြီး -ကလေးဝ ကားလမ်းရှိ သင်ကန်သစ်တောစခန်းက အမှုနဲ့သိမ်းဆည်းထားတဲ့ ကား ၊ ဆိုင်ကယ် နဲ့ သစ်တွေကို မနေ့ မတ် ၂၂ ရက် ည ၁၀ ဝန်းကျင်မှာ လုယက်ခံရတယ်လို့ သိရပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး အမည်မဖော်လိုတဲ့ သစ်တောဝန်ထမ်း တစ်​ယောက်က ” လူ ၁ ရာလောက်က စခန်းကို လာဝိုင်းတယ် ၊အမှုနဲ့ ဖမ်းထားတဲ့ ကင်တာကား ၂ စီး အပါအဝင် ဆိုင်ကယ်တွေနဲ့ သစ်တွေကိုပါ ယူသွားကြတယ်. ” လို့ ပြောပါတယ် ။

ဒါ့အပြင် သစ်တောစခန်း ပျက်စီးဆုံးရှုံးမှုနဲ့ လုယက်ယူသွားတဲ့ ပစ္စည်းအရေအတွက်စာရင်းကို ဒီကနေ့ ၁၂ နာရီအချိန်ထိ ရေတွက် စီစစ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

သင်းကန်သစ်တောစခန်းဟာ မင်းကင်းမြို့နယ် မဟူတောင်တန်းနဲ့ အလောင်းတော်ကဿပ အမျိုးသားသစ်တောဒေသရဲ့ အဓိက သစ်ထွက်ရာလမ်းကြောင်းပေါ်မှာတည်ရှိပြီး တရားမဝင် သစ်တောထွက်ပစ္စည်းများ ဖမ်းဆီးထိန်းသိမ်းရာမှာ အရေးပါတဲ့ စခန်းတစ်ခုဖြစ်ပါတယ်။

” သင်းကန်စခန်းမှာက ဝန်ထမ်း ၃ ​ယောက်ပဲရှိတယ် ၊ စခန်းကို လူတွေဝိုင်းတဲ့အခါ ထွက်ပြေးတိမ်းရှောင်ခဲ့လို့ အသက်ဘေးက လွတ်သွားတယ်၊ အမှုနဲ့ သိမ်းဆီးထားတဲ့ သက်သေခံ ပစ္စည်းတွေ ပါသွားတယ် “လို့ သစ်တောဝန်ထမ်း တစ်ယောက်ကပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစလို့ အာဆီယံ အမွေအနှစ်စာရင်းဝင် အလောင်းတော်ကဿပ အမျိုးသားသစ်တော ဥယျာဥ်ထဲက ထိန်းသိမ်း သစ်တွေကို တရားမဝင် ခုတ်လှဲထုတ်ယူနေမှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

ပုံစာ – ဖမ်းဆီးသစ်များကို တိုင်းထွာနေပုံ
#voiceofmyanmar #VOM #ကနီ #သစ်တောစခန်း #ဖမ်းဆီးထားတဲ့ပစ္စည်းများ #လုယက်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW