ပဲခူးမှာ အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု အရုဏ်ဦးသပိတ်ပြုလုပ်

မတ်၂၃ -၂၀၂၁
KLY(VOM)

ပဲခူးမြို့နယ်မှာ ပစ်ခတ်ခံရလို့ လူသေဆုံးမှုတွေရှိနေပေမယ့် ဒီကနေ့မနက် ၅ နာရီခန့်မှာ အာဏာရှင်စနစ်အလိုမရှိကြောင်း အရုဏ်ဦးသပိတ်အဖြစ် ဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့ စုံစမ်းသိရှိရပါတယ်။

” အခုက အတားအဆီးလုပ်တာနဲ့ ပစ်ခတ်မှုတွေ ရှိလာတယ်။ မတ်လ၂၀ တုန်းကလည်း နှစ်ယောက်အသက်ဆုံးရှူံးခဲ့ရတော့ လူငယ်တွေက သပိတ်ကိုပုံစံ အမျိုးမျိုးလုပ်နေကြရတယ်”လို့ ပဲခူးမြို့ခံတစ်ဦးက ပြောပါတယ်။

ပဲခူးမှာ ဆန္ဒပြသပိတ်စစ်ကြောင်းတွေကို ပစ်ခတ်ဖြိုခွင်းတာတွေကြောင့် အမျိုးသား၊အမျိုးသမီ ၁၂ ဦး သေဆုံးပြီး ၄၅ ယောက်ကျော်ကို တပ်နဲ့ရဲက ဖမ်းဆီးထားပေမယ့်လည်း ဆန္ဒဖော်ထုတ်တာတွေကို ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ပြုလုပ်နေကြတယ်လို့ သိရပါတယ်။

ဓါတ်ပုံ – ပဲခူးတက္ကသိုလ်ကျောင်းသားသမဂ္ဂ
#voiceofmyanmar #VOM #ပဲခူး #အရုဏ်ဦးသပိတ်

Related posts

Leave a Comment

VOM News

FREE
VIEW