တောင်ငူမြို့က တိတ်တဆိတ်သပိတ်

မတ်၂၄-၂၀၂၁
KLY(VOM)

တောင်ငူမြို့ပေါ်မှာ ဒီကနေ့ မနက် ၆ နာရီကနေ ညနေ၃ နာရီအထိ ပြုလုပ်နေတယ့် Silence Strike (တိတ်တဆိတ်သပိတ်) ၈၀ % အောင်မြင်တယ်လို့ ဒေသခံတွေဆီကနေ စုံစမ်းသိရှိရပါတယ်။

” မနက်က ပျံကျဈေး‌အချို့မှာ လူအနည်းငယ်ရှိပေမယ့် ဈေးကြီးတွေမှာ လူလုံးဝမရှိဘူး။ ဆိုင်တွေလည်း ပိတ်ထားကြတယ်။ မြို့ထဲလို့ခေါ်တဲ့ဗိုလ်မှူးဖိုးကွန်းလမ်း ကုန်သည်ကြီးလမ်းနဲ့ ၆ လမ်းလိုနေရာတွေဆို ဘာဆိုင်မှကိုမဖွင့်ဘူး”လို့
မြို့ထဲကို လိုက်လံကြည့်ရှူနေသူ တစ်ဦးက ပြောပါတယ်။

တောင်ငူမြို့ပေါ်က လူတန်းစားအလွှာအသီးသီးဟာ ဖေဖော်ဝါရီ ၈ ရက်နေ့ ကတည်းက ဆန္ဒဖော်ထုတ်မှုတွေ နေ့စဉ်ပြုလုပ်နေကြတာဖြစ်ပြီး အခုရက်ပိုင်းမှာ ဆန္ဒဖော်ထုတ်ပွဲအချို့ နည်းပါးသွားပေမယ့် Silence Strike ကို တက်တက်ကြွကြွ ပူးပေါင်းပါဝင်ပေးခဲ့ကြပါတယ်။

တောင်ငူမှာ ဆန္ဒဖော်ထုတ်ပွဲတွေကို ဖြိုခွဲတာတွေပြုလုပ်ခဲ့ပေမယ့် လူထိခိုက်ဒဏ်ရာရသူ သေဆုံးသူမရှိပေမယ့် ဖမ်းဆီးခံထားရသူ ၄၀ နီးပါးရှိနေပြီး အချို့ကို ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

တိုင်းနဲ့ပြည်နယ် အသီးသီးမြို့ကြီးတွေမှာ လူထုလှုပ်ရှားမှုတွေကို နေ့စဥ်နေ့တိုင်း နည်းလမ်းအမျိုးမျိုး ပြုလုပ်နေကြတာ ဖြစ်ပါတယ်။

#voiceofmyanmar #VOM #တောင်ငူ #တိတ်တဆိတ်သပိတ်

Related posts

Leave a Comment

VOM News

FREE
VIEW