မန္တလေးမြို့ရဲ့ အသံတိတ်သပိတ်မြင်ကွင်း

မတ် ၂၄ -၂၀၂၁
Voice Of Myanmar

မန္တလေးမြို့ရဲ့ နေရာတော်တော်များများမှာ ဒီကနေ့မနက်ကစပြီး အသံတိတ်သပိတ်အဖြစ် စျေးဆိုင်များပိတ်၊ အိမ်တံခါးများပိတ်ကာ လမ်းမတွေပေါ် လူသွားလူလာနည်းတာကို တွေ့ရပါတယ်။

မန္တလေးမြို့ဟာ အရင်ရက်တွေက ဆန္ဒဖော်ထုတ်သူတွေ စျေးရောင်းစျေး၀ယ်သွားတဲ့သူတွေ ၀န်ထမ်းတွေအလုပ်သွား၊အလုပ်ပြန်နေတဲ့သူတွေနဲ့ စည်းကားနေတဲ့ မြို့တစ်မြို့ဖြစ်ပြီး ဒီကနေ့မှာတော့ ပင်စင်လစာထုတ်သူနဲ့ မဖြစ်မနေသွားရမယ့်သူတွေသာ သွားလာနေတာကိုလည်း တွေ့ရပါတယ်။

#voiceofmyanmar #VOM #မန္တလေး

Related posts

Leave a Comment

VOM News

FREE
VIEW