မန်းသံပုရာကန်ရေနံချက်စက်ရုံကို အစားထိုးဝန်ထမ်းတွေနဲ့လည်ပတ်ဖို့ ကြိုးပမ်းနေ

မတ် ၂၄ -၂၀၂၁
Voice Of Myanmar

မကွေးတိုင်း၊ အထက်မင်းလှမြို့၊ မန်းသံပုရာကန်ရေနံချက်စက်ရုံကို အစားထိုးဝန်ထမ်းတွေ နေ့စားလုပ်သားတွေနဲ့ လည်ပတ်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

အဲ့ဒီစက်ရုံက အရာထမ်း အမှုထမ်းတွေဟာ
CDM အဖြစ် ဆက်လက်ရှိနေကြတယ်လို့လည်း သိရပါတယ်။

နစခကောင်စီရဲ့အမိန့်ကိုနာခံပြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက စက်ရုံလည်ပတ်ဖို့ ဖိအားပေးနေတယ်လို့လည်း သိရပါတယ်။

” CDMလုပ်နေတဲ့ ဝန်ထမ်း ဦးအောင်နိူင်ဦးကို
၅၀၅ က နဲ့ တရားစွဲဆိုထားပြီး ဝန်ထမ်းအဖြစ်ကနေ
ထုတ်ပယ်ခဲ့တယ်၊ CDMလုပ်ထားတဲ့ ဝန်ထမ်းတွေကိုလည်း တရားစွဲဆိုတာတွေမဖြစ်လိုရင် အလုပ်ဆင်းကြဖို့ ခြောက်လန့်ပြောဆိုတာတွေလည်း ရှိနေပါတယ်၊ တပ်မတော်အင်ဂျင်နီယာကျောင်းဆင်းတဲ့ စစ်ဗိုလ်တွေဦးဆောင်ပြီး စက်ရုံလည်ပတ်ဖို့ ကြိုးစား‌နေပေမယ့် စက်ရုံကတော့ လည်ပတ်လာခြင်းမရှိသေးဘူး”လို့ CDM ပြုလုပ်နေတဲ့ ၀န်ထမ်းတစ်ဦးက ပြောပါတယ်။

အခုလက်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လက်အောက်က အမှတ်(၃) ဓါတ်မြေဩဇာစက်ရုံ ကျော်စွာ၊ အမှတ်(၄)ဓါတ်မြေဩဇာစက်ရုံ မြောင်းတကာ၊ အမှတ်(၅)ဓါတ်မြေဩဇာစက်ရုံ ကန်ကြီးထောင့် တို့က Non-CDM ဝန်ထမ်းတွေကို အစားထိုးခေါ်ယူပြီး စက်ရုံလည်ပတ်ဖို့ ပြုလုပ်နေတယ်လို့ သိရပါတယ်။

အခုအခါ အောက်ခြေမှာလိုအပ်နေတဲ့ လုပ်သားအင်အားအတွက် ‌တရက်ကို ၄၈၀၀ နှုန်းနဲ့ အသက် ပညာအရည်အချင်း မလိုတဲ့ နေ့စား ဝန်ထမ်း ၈၀၀ ကျော် ခေါ်ယူခန့်ထားဖို့ကိုလည်း လုပ်ဆောင်နေပါတယ်။

အခုချိန်ထိ စက်သုံးဆီတွေဖြစ်တဲ့ ဓါတ်ဆီ၊ဒီဇယ်၊ ရေနံဆီ၊ လေယာဉ်ဆီ၊ GO ဆီ၊ LPG၊CNG၊ ဖယောင်း အစရှိတဲ့ ထုတ်ကုန်တွေ ထုတ်လုပ်ပေးနိုင်ခြင်းမရှိသေးဘူးလို့လည်း သိရပါတယ်။

နေ့စား ၄၈၀၀လို့ ခေါင်းစဉ်တပ် ခေါ်နေပေမယ့် မန်းသံပုရာကန်စက်ရုံရဲ့ လက်ရှိ အမြဲတမ်းဝန်ထမ်းတွေဟာ နားရက်တွေအတွက် လစာပေးမှာမဟုတ်ဘဲ အလုပ်ဆင်းတဲ့ ရက် ၂၀ ဆိုရင် ရက် ၂၀ စာသာ ပေးနိုင်မည်ဖြစ်ကြောင်း ၊ ယခင်ကလို တ်လလုံးစာ မပေးဘဲ အလုပ်ဆင်းရက်အတွက်သာ လစာပေးချေမည်ဖြစ်ကြောင်း ပြောဆိုမှုများကိုကြည့်လျှင် နစခကောင်စီမှာ လစာပေးချေဖို့ ငွေအင်အားနည်းပါးနေတယ်လို့ဟု ယူဆလို့ရနိုင်ပါတယ်လို့ CDM၀န်ထမ်းတွေက သုံသပ်ထားပါတယ်။

မန်းသံပုရာကန်စက်ရုံ လည်ပတ်နိုင်သွားရင် တင့်ကား၊ လေယာဉ်၊ စစ်သုံးကားတွေအတွက် စက်သုံးဆီ Supply ရသွားမှာဖြစ်တဲ့အပြင် ပြည်တွင်း Private စက်သုံးဆီလုပ်ငန်းရှင်တွေရဲ့ ဝယ်ယူသုံးစွဲခြင်းကနေ ဘဏ္ဍာငွေ ကျပ်သန်းပေါင်း များစွာ ဝင်ငွေရှာဖွေပေးနိုင်သွားမှာဖြစ်လို့ အဲ့ဒီရေနံချက်စက်ရုံ မလည်ပတ်သွားစေဖို့ နည်းလမ်းပေါင်းစုံဖြင့် တားဆီးဖို့လိုအပ်နေတယ်လို့ CDM၀န်ထမ်းတွေက ပြောပါတယ်။

စက်ရုံလည်ပတ်ဖို့ နည်းမျိုးစုံနဲ့ကြိုးပမ်းမှုတွေကို
အချည်းနှီးဖြစ်စေဖို့အတွက် ပြည်တွင်းမှ စက်သုံးဆီလုပ်ငန်းရှင်တွေအနေနဲ့ သံပုရာကန်စက်သုံးဆီတွေကို boycott လုပ်ပေးခြင်း ၊ ဝန်ထမ်းတွေကို နစခကောင်စီရဲ့ လက်အောက်ခံများအဖြစ် ဆက်လက်အသုံးချခြင်းမှ တားဆီးဖို့ ပြည်သူတွေအနေနဲ့ လိုအပ်တဲ့ ကူညီထောက်ပံ့မှုတွေ ထောက်ပံ့ပေးစေလိုတယွလို့ CDMပြုလုပ်ထားတဲ့ ၀န်ထမ်းတွေက တောင်းဆိုထားပါတယ်။

#voiceofmyanmar #VOM #မင်းလှ #မန်းသံပုရာစက်ရုံ

Related posts

Leave a Comment

VOM News

FREE
VIEW