နဘားလမ်းဆုံအနီးက လျှပ်စစ်ဓာတ်အားခွဲရုံ မီးလောင်လို့ လျှပ်စစ်ဓာတ်အားတွေပြတ်တောက်နေ

မတ် ၂၆ -၂၀၂၁
ကိုတိုးကြီး (VOM)

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် နဘားလမ်းဆုံအနီးမှာရှိတဲ့ လျှပ်စစ်ဓာတ်အားခွဲရုံကို ဒီကနေ့ မတ် ၂၆ ရက် နေ့ခင်း ၁၂ နာရီ ဝန်းကျင်က တောမီးတွေ ကူးစက်လောင်နေလို့ ဓာတ်အားဖြန့်ဖြူးရေးတွေ ယာယီ ပြတ်တောက်ထားတယ်လို့ နဘား ဒေသခံတွေကနေ သိရပါတယ်။

အဲ့ဒီ ဓာတ်အားခွဲရုံဟာ အင်းတော် ၊ မြစ်ကြီးနား ၊ ကသာ လမ်းဆုံအနီးမှာတည်ရှိပြီး မဟာဓာတ်အားလိုင်းကြီးတွေ ဝင်ရောက်တဲ့ ပင်မ ဓာတ်အားခွဲရုံကြီးဖြစ်ပါတယ်။

ဓာတ်အားခွဲရုံ တောမီးကူးဆက်လောင်မှုမရှိရေးအတွက် နှစ်တိုင်းက မီးတားကွင်းတွေ ကြိုတင်လုပ်ကိုင်ထားလေ့ရှိပါတယ်။

ဒီနှစ်မှာတော့ အဲ့ဒီလို လုပ်ကိုင်တာ ရှိ၊ မရှိမသိရဘူးလို့ နဘားဒေသခံတွေက ပြောပါတယ်။

#VoiceOfMyanmar #VOM #နဘား #ဓါတ်အားခွဲရုံ #မီးလောင်

Related posts

Leave a Comment

VOM News

FREE
VIEW