ဖားကန့်မြို့၊မော်ဝမ်းသပိတ်စစ်ကြောင်းကို ရဲကတားပေမယ့် အေးချမ်းစွာ အဆုံးသတ်

ဖားကန့်၊မတ်လ-၂၆ရက်၊၂၀၂၁
နောင်ရိုး

ဖားကန့်မြို့၊မော်ဝမ်းသပိတ်စစ်ကြောင်း ရဲတပ်ဖွဲ့က လိုက်လံတားဆီးခဲ့ပေမယ့် အေးချမ်းစွာ လူစုခွဲနိုင်ခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၂၆ရက် မနက်က မော်ဝမ်းရပ်ကွက်စျေးလမ်းမအတိုင်း ငြိမ်းချမ်းစွာဆန္ဒပြတဲ့သပိတ်စစ်ကြောင်းနောက်ကို ရဲအင်အား ၃၀ လောက်က လိုက်လံတားဆီးခဲ့တာဖြစ်တယ်လို့ ဆန္ဒဖော်ထုတ်ရာမှာ ပါတဲ့သူတစ်ဦးကပြောပါတယ်။

အလားတူ လုံးခင်းနဲ့ အေးမြသာယာမှာလည်း ကျေးရွာအုပ်စုလမ်းတွေမှာ ဆန္ဒဖော်ထုတ်နေကြောင်း သိရပါတယ်။

ဖားကန့်မှာ နေ့စဥ်ဆန္ဒပြနေတာမှာ ဒီနေ့ဆို ၄၃ ရက်တိတိရောက်ရှိခဲ့ပြီဖြစ်ပါတယ်။

#voiceofmyanmar #VOM #ဖားကန့်

Related posts

Leave a Comment

VOM News

FREE
VIEW