ကျိုက်ထိုမှာ လူတစ်ဦး သေဆုံးပြီး သတင်းထောက်တစ်ဦး ကျည်ထိမှန်ဒဏ်ရာရ

မတ်၂၇-၂၀၂၁
KLY(VOM)

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ ဒီနေ့ မတ် ၂၇ ရက် မနက်က အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု လူထုဆန္ဒဖော်ထုတ်နေသူအချို့ကို စစ်တပ်နဲ့ရဲက ပစ်ခတ်ဖြိုခွင်းရာက အမျိုးသားတစ်ဦး သေဆုံးပြီး အလွတ်တန်းသတင်းထောက် တစ်ဦး ကျည်ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ကျိုက်ထိုမြို့လူမှုကူညီရေးအသင်း တာဝန်ရှိသူကနေ သိရပါတယ်။

“အလွတ်သတင်းထောက်က ခြေသလုံးဖောက်သွားတယ်။ သေဆုံးသူနာမည် မသိသေးပေမယ့် ကျိုက်ပိထဲကလို့သိရတယ်။ သေဆုံးသူ ‌အလောင်းကို အိမ်ပြန်ပို့ဖို့လုပ်နေတုန်း တပ်နဲ့ရဲက မော်လမြိုင်စစ်ဆေးရုံပို့ခိုင်းလို့ ဒဏ်ရာရသူနဲ့အတူပဲ ပို့ပေးခဲ့ရတယ်” လို့ လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒီနေ့ မနက်က ကျိုက်ထိုမြို့မှာ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်သူ ၁၀၀ကျော်လောက်ပဲ ရှိပေမယ့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သေနတ်တွေ ပစ်ဖောက်ဖြိုခွဲခဲ့တာကြောင့် ဘူတာရုံနဲ့ ရန်ကုန်-မော်လမြိုင်လမ်းနားမှာ လူစုလူဝေးဖြစ်ပေါ်ခဲ့ပြီး သံဖြူဇရပ်အသံလိုကယ် သတင်းဌာနက အလွတ်တန်းသတင်းထောက်သေနတ်ထိမှန်ဒဏ်ရာရခဲ့သလို ဒေသခံ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့တာလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ-ကျိုက်ထိုဟစ်တိုင်
ပုံစာ – သေနတ်ထိမှန်ဒဏ်ရာရသူ အလွတ်တန်းသတင်းထောက်ကို တွေ့ရပုံ

#VoiceOfMyanmar #VOM #ကျိုက်ထို #ပစ်ခတ် #သေဆုံး #အလွတ်တန်းသတင်းထောက်

Related posts

Leave a Comment

VOM News

FREE
VIEW