ပဲခူးမှာ ရပ်ကွက်ထဲထိ ပစ်ခတ်ဖြိုခွင်းခံရလို့ တစ်ဦးသေဆုံး၊ ၄ ဦး ဒဏ်ရာရ

မတ်၂၇-၂၀၂၁
KLY(VOM)

ဒီနေ့ မတ် ၂၇ရက်နေ့ နေ့ခင်းပိုင်းက ပဲခူးမြို့နယ် ဆံတော်တွင်းလမ်းထဲ စစ်တပ် ဝင်ရောက်တပ်စွဲမှုအပေါ် ဆန့်ကျင်ကန့်ကွက်ကြတဲ့ ဒေသခံတွေကို စစ်တပ်နဲ့ရဲက ပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“ငါးဦး ကျည်ဆန်ထိမှန် ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။လည်ပင်းထိမှန်ဒဏ်ရာရသူက အခင်းဖြစ်ပြီး သိပ်မကြာခင်ဆုံးပါးသွားတယ်” လို့ ‌မျက် မြင်တွေ့ရှိသူတစ်ဦးက ပြောပါတယ်။

ပဲခူးမြို့မှာ အာဏာရှင်စနစ် ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုတွေကို နေ့စဉ်ပြုလုပ်နေပြီး ဒီနေ့မှာလည်း မနက်ပိုင်းကတည်းက ဆန္ဒဖော်ထုတ်မှုတွေ ပြုလုပ်ခဲ့တာ ထြစ်ပါတယ်။

စစ်တပ်နဲ့ရဲက ပစ်ခတ်ဖြိုခွင်းမှုတွေကြောင့် ပဲခူးမြို့မှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ လူငယ်၁၅ ဦးခန့် အသက်ပေးခဲ့ရပြီးဖြစ်ပါတယ်။

#VoiceOfMyanmar #VOM #ပဲခူး #သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW