ပွင့်ဖြူမြို့မှာ ပစ်ခတ်ခံရလို့ ဆန္ဒပြသူ ၁ ဦး အသက်ဆုံးရှုံး

မတ် ၂၇ -၂၀၂၁
KTG

မကွေးတိုင်း ပွင့်ဖြူမြို့မှာ ဒီနေ့ မတ် ၂၇ ရက် မနက် ၁၀ နာရီဝန်းကျင်က ဆန္ဒပြလူစုကို စစ်တပ်နဲ့ရဲက သေနတ်နဲ့ ပစ်ခတ်ဖြိုခွဲရာမှာ လူ ၁ ​ယောက် သေနတ်ထိမှန် သေဆုံးခဲ့တယ်လို့ ပွင့်ဖြူမြို့ခံတွေဆီက သိရပါတယ်။

ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကြီးကျေးရွာက ကိုမင်းဇော်ထွေး အသက် ၃၈ နှစ်ဟာ ကာဒိုင်းကို ကျည်ဆံဖောက်ဝင်ပြီး ခြေထောက်ကိုထိမှန်ခဲ့ရာက အသက်ဆုံးရှုံးသွားရတာဖြစ်တယ်လို့ ကနဦး သိရပါတယ်။

#VoiceOfMyanmar #VOM #ပွင့်ဖြူ #သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW