မန္တလေးက ဆန္ဒပြတဲ့သူတွေကို စစ်တပ်နဲ့ရဲတွေက ဖြိုခွင်းနေမှုကြောင့် အမျိုးသားတစ်ဦး ဦးခေါင်းကို ကျည်ထိမှန်သေဆုံး

မန္တလေး၊ မတ် ၂၇- ၂၀၂၁
ရှိုင်းအောင်(VOM)

မန္တလေးမြို့ ၄၂ လမ်း ၈၃×၈၄ လမ်းကြားမှာ ဆန္ဒပြနေကြတဲ့သူတွေကို စစ်တပ်နဲ့ ရဲတွေက မနက် ၉ နာရီဝန်းကျင်မှာ လာရောက်ဖြိုခွင်းခဲ့တာကြောင့် အမျိုးသားတစ်ဦးရဲ့ ဦးခေါင်းကို ကျည်ဆံထိမှန်ကာ နေရာမှာတင် သေဆုံးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။

သေဆုံးသူ အမျိုးသားရဲ့ ရုပ်အလောင်းကိုတော့ စစ်တပ်က ယူဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

#VOM #voiceofmyanmar #Mandalay #မန္တလေး #ဆန္ဒပြ #ကျည်ထိမှန်

Related posts

Leave a Comment

VOM News

FREE
VIEW