မုံရွာ – ပုသိမ်လမ်းဆုံက သပိတ်စစ်ကြောင်း ပစ်ခတ်ခံရလို့ ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရ

မတ် ၂၇ -၂၀၂၁
KTG

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ချင်းတွင်းမြစ် တဖက်ကမ်း အောင်ဇေယျမြို့သစ်၊ မုံရွာ-ပုသိမ်-ကလေးဝ ကားလမ်းဆုံနေရာမှာ ဒီနေ့ မတ် ၂၇ရက် မနက်က ဆန္ဒပြသူတွေကို စစ်တပ်နဲ့ရဲက ပစ်ခတ်ခဲ့တဲ့အတွက် လူ ၁ ယောက်သေဆုံးပြီး ၁ ယောက် ဒဏ်ရာရတယ်လို့ သိရပါတယ်။

ဆားလင်းကြီးမြို့နယ် ရွာသာကျေးရွာနေ ဒေသခံ တစ်ယောက်က ” ယမ်စီ ကြေးနီမိုင်းက CDM မိုင်းလုပ်သား ကိုချမ်းမြေ့အောင် အသက် ၂၉ နှစ်ဟာ လက်မောင်း ကျည်ဆံထိမှန် ဒဏ်ရာနဲ့ သေဆုံးသွားခဲ့တယ် ၊သူက ရွာသာကပဲဖြစ်တယ် “လို့ ပြောပါတယ်။

ကျည်ဆံထိမှန် ဒဏ်ရာရသူ ၁ ယောက်လည်း ဆေးကုသမှု ခံယူနေပြီလို့ ဆက်ပြောပါတယ်။

ဆားလင်းကြီးမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်ထဲက ကျေးလက်နေ ပြည်သူတွေဟာ အခု ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ မုံရွာ-ပုသိမ် ကားလမ်းဆုံမှာ နေ့စဥ် ဆန္ဒပြခဲ့တာ ဒီကနေ့ဆိုရင် ၁၉ ရက်မြောက်နေ့ ဖြစ်တယ်လို့ သိရပါတယ်။

#VoiceOfMyanmar #VOM #ပုသိမ်မုံရွာလမ်း #ဆန္ဒပြ #သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW