မြစ်ကြီးနားသပိတ်ကို ရပ်ကွက်အတွင်းထိ လိုက်လံဖြိုခွဲ

မတ် ၂၇၊ ၂၀၂၁
YAT

မြစ်ကြီးနားမြို့မှာ ဒီနေ့ နံနက်ပိုင်းက အာဏာသိမ်းမှုကန့်ကွက်တဲ့ လူငယ်တွေဟာ သခင်နက်ဖေ လမ်းတစ်လျှောက်ကနေ မြို့တွင်းလမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့ရာမှာ ရဲနဲ့ စစ်တပ်က လိုက်လံဖြိုခွဲပါတယ်။

အေးစေတီရပ်ကွက်အနီး ဝက်ကုန်းဈေးမှာတော့ အသံဗုံးတွေ ပစ်ခတ်တာမျိုးရှိပြီး ဝင်ရောက်စစ်ဆေးနေတာတွေရှိတယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။

ရမ်ပူရပ်ကွက်မှာတော့ အပြင်ဘက်က ရဲကားနဲ့ စစ်ကားတွေလာနေပြီဆိုတဲ့ သတင်းကြောင့် ရပ်ကွက်လမ်းတွေကို အတားအဆီးတွေပြုလုပ်ခဲ့ကြပါတယ်။ အဲ့ဒီနောက်တော့ ရပ်ကွက်အနီး ပစ်ခတ်မှုတွေရှိခဲ့ပါတယ်။

အနီးကပ်မြင်နေရတဲ့ ရပ်ကွက်နေပြည်သူပြောတာရတော့ ” ရဲကားတွေ ထောင်ကားတွေက လမ်းထိပ်မှာ ပိတ်ထားကြတယ်၊ ရပ်ကွက်တွေထဲက လမ်းမှာလည်း သွပ်ချပ်တွေဘာတွေ ပိတ်ထားတယ်။ သေနတ်သံက ပစ်တာတော်တော်များတယ် ဆယ်ချက်ကျော်တယ်။ အကုန်လုံး‌က ကြောက်လို့ အိမ်ထဲဝပ်နေကြတယ်။ လူထိ မထိက အပြင်ထွက်မကြည့်ရဲသေးဘူး ” လို့ ပြောပါတယ်။

#voiceofmyanmar #vom #မြစ်ကြီးနား

Related posts

Leave a Comment

VOM News

FREE
VIEW