မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်အတွင်း ၀င်ရောက်ပစ်ခတ်ပြီး လမ်းတွေရှင်းနေ

မတ် ၂၈ -၂၀၂၁
YAT

မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်မှာ ဒီကနေ့မနက် ၁၀ နာရီဝန်းကျင်က ဝင်ရောက်ပစ်ခတ်ပြီး လမ်းတွေရှင်းနေတယ်လို့ သိရပါတယ်။

” ဟုတ်တယ် သေနတ်က ၁၀ ချက်လောက် ဖောက်တယ်၊ အခု လမ်းတွေက ပိတ်ထားတာတွေကို စက်နဲ့ထိုးရှင်း ရှင်းနေကြတယ်”လို့ ကိုယ်တွေ့မြင်နေရသူက ပြောပါတယ်။

အခု ဖြိုခွင်းနေတဲ့ နေရာမှာလည်း ရဲကားနဲ့ စစ်ကားတွေ ဝိုင်းထားတယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။

ရမ်ပူရပ်ကွက်ဟာ မတ်လ ၂၇ ရက်နေ့က အလံနက်ထောင်ပြီး စစ်ကား ရဲကားတွေဝင်မရအောင် လမ်းပိတ်ခဲ့ကြတာဖြစ်ပါတယ်။

အဲ့ဒီ အလံနက်ထောင် ထိုင်သပိတ်ပြုလုပ်သူတွေဟာ မနေ့ မတ်လ ၂၇ရက် ညနေပိုင်းမှာ လူစုခွဲပြန်ခွဲခဲ့ကြတာ ဖြစ်ပါတယ်။

#voiceofmyanmar #VOM #မြစ်ကြီးနား

Related posts

Leave a Comment

VOM News

FREE
VIEW