ရွှေဘိုမှာ အသက် ၁၃ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ၃ ဦးသေဆုံးခဲ့

ရွှေဘို-မတ်၊ ၂၈၊ ၂၀၂၁
KTG(VOM)

စစ်ကိုင်းတိုင်း ရွှေဘိုမြို့မှာ မတ် ၂၇ နေ့ခင်းပိုင်းက လုံခြုံရေးတပ်ဖွဲ့ကနေ သေနတ်နဲ့ ပစ်ခတ်လို့ စက်ဘီးစီးနေတဲ့ အသက် ၁၃ နှစ်အရွယ် ကလေးသူငယ် ၁ ယောက်အပါအဝင် လူ ၃ ဦး ကျည်ဆံထိမှန် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ ပစ်ခတ်မှုဖြစ်စဥ်မှာ ရွှေဘိုမြို့ အမှတ် ၇ ရပ်ကွက်နေ ကိုကောင်းကောင်း အသက် ၁၉ နှစ် ၊ ညောင်ပင်သာကျေးရွာနေ ကျန်းမာရေးဝန်ထမ်း (ရွှေဘိုမြို့နယ်က ပြိည်သူ့ကျန်းမာ​ရေး ဦးစီးဌာန)ကိုဇင်ထွန်း အသက် ၂၁ နှစ်နဲ့ အမှတ် ၉ ရပ်ကွက်က နေအိမ်မှာနေတဲ့ အသက် ၁၃ နှစ်အရွယ် ကလေးသူငယ် ၁ ဦး တို့ဟာ ဝမ်းဗိုက်ကျည်ဆံ ထိမှန်ဒဏ်ရာနဲ့သေဆုံးသွားခဲ့ပါတယ်။

ခု ၁၃ နှစ်ကလေးရဲ့ နာရေးအိမ်နားမှာ စစ်သားတွေလုံခြုံရေးယူထားလို့ မိသားစုက စိုးရိမ်နေတယ်လို့ မိသားစုကပြောပါတယ်။

မတ် ၂၇ နေ့မှာ စစ်ကိုင်းတိုင်းထဲက မုံရွာ ၂ ယောက် ၊ရွှေဘို ၃ ယောက် ၊ စစ်ကိုင်း ၂ ယောက်၊ ယင်းမာပင် ၁ ယောက် နဲ့ မုံရွာ ၂ ယောက် အားလုံး လူ ၁၀ ​​ယောက် သေနတ်ထိမှန် သေဆုံးခဲ့ပါတယ်။

#voiceofmyanmar #VOM # ရွှေဘို

Related posts

Leave a Comment

VOM News

FREE
VIEW